ဒီဓါတ်ပုံတွေ ကို (11-2-2012)နေ့မနက်က ကျနော်သွားရိုက်လာတာပါ။ ဒါကတော့(24-12-2011)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။   မဟုတ်တော့ဘူးပြောင်းသွားပြီ မန်းလေးက အာဇာနည်   ဒီစာလေးက ကတော့ ကိုသန့်ဇော် က မနေ့က သူ့ဖေစ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့စာစု အာဇာနည်၁ရဦးဗိမာန် သန့်ရှင်းရေး ဂူဗိမာန်အပေါ်မှာ ကျဆုံးခဲ့တဲ့အာဇာနည် ၁ရဦးရဲ့ ဓါတ်ပုံများကို ပြသထားပါတယ် … အသက်အငယ်ဆုံး အာဇာနည်လေးပါ ကျဆုံးချိန်မှ ၁၂နှစ်သာရှိသေးပါတယ် … ‎(10-2-2012 နံနက် ရးဝဝနာရီမှာ မန္တလေးတမ္ပဝတီရပ်မှာရှိတဲ့ ၁ရဦးအာဇာနည်ဗိမာန်က ခြုံနွယ်ပိတ်ပေါင်းများကို စိမ်းရောင်စိုအဖွဲ့နဲ့ ချမ်းမြသုခနာမှုကူညီရေးအသင်းမှ ကမကထပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ သံဃာတော်များကျောင်းသား ကျောင်းသူများ ပရဟိတလူမှုရေးအဖွဲ့များ ဘာသာပေါင်းစုံအသင်းစတဲ့ အသင်း၂ဝကျော် လာ…ရောက်သန့်ရှင်းရေး ပြုလုပ်ကြပါတယ် … မန္တလေး စည်ပင်သာယာရေးကော်မီတီမှ ဝန်ထမ်းများ မီးသတ်များ […]


“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း” ကျောက်တော်ကြီးဘုရားကနေထွက် မန်းလေးဘိုးဘိုးကြီးနန်းရှေ့ကလမ်းကနေ မြောက်ဘက်ကိုသွားရင် ကုသိုလ်တော်ဘုရားဝင်းတဲကိုဝင်တဲ့လမ်းလေးကိုတွေ့နိုင်ပါတယ်။ အနောက်ဘက်ကနေဝင်တဲ့လမ်းလေးရဲ့တဘက်တချက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်း။ စန္ဒကူးတောလို့ အမည်ပေးထားပါတယ်။ သမီးရီးစားအတွဲတွေအဆင်ပြေပြေထိုင်လို့ရအောင် အုတ်ထိုင်ခုံလေးတွေတောင်လုပ်ပေးထားပါတယ်။ အတွင်းကိုဝင်လိုက်တာနဲ့ ကုသိုလ်တော်ဘုရား ရွှေရောင်ဝင်းဝင်းကိုဖူးမြင်နေရပါပြီ။ ဥပုဒ်နေ့ဖြစ်နေတာကြောင့်  ကုသိုလ်တော်ဘုရားရဲ့အတွင်းထဲမှာ ဥပုဒ်စောင့်ဘို့သွားနေသူကိုလဲတွေ့ရပါတယ်။   ကုသိုလ်တော်ဘုရားတံတိုင်းအတွင်းမှာတော့ ကျောက်စာချပ်တွေကို ထိန်းသိမ်းထားတဲ့ဂူလေးတွေကို လှမ်းမြင်နေရပါတယ်။ အနောက်ဘက်ကိုလှမ်းကြည့်တော့ ခြုံနွယ်ပင်တွေကြားကမြင်ရတဲ့စန္ဒာမုနိဘုရား။ ဆက်သွားတော့ စန္ဒာမုဏိဘုရား အဝင်ဆိုင်းဘုတ်။ ဘုရားအဝင်ကမှာတော့  ဘုရားသမိုင်းကျောက်စာတိုင်။ ကြီးမားတဲ့ကုက္ကိုပင်ရိပ်အောက်မှာတော့ကျောက်စာတွေသိမ်းထားတဲ့ ဂူဘုရားလေးတွေ။ အဝင်က လှမ်းကြည့်တော့ ပြုပြင်နေတဲ့စေတီ။ ဒီဘုရားထဲမှာ ရှေးဘုရင်မင်းတုန်းမင်းလက်ထက်က ကနောင်မင်းသားအလုပ်ကြံရခံရတဲ့နေရာလေးနဲ့အုတ်ဂူရှိပါတယ်။ ဘုရားမြောက်ဘက်ခြမ်းကိုကြည့်ရင်တော့ မန်းလေးတောင်။ ဒီဂူဘုရားလေးတွေက အတွဲတွေချိန်းလေ့ရှိတော့ ချောင်းသူတွေလဲအပြည့်၊ အဲဒီကနေထွက်လာလို့ အရှေ့ဘက်ထိပ်လမ်းကွေ့လေးကလှမ်းကြည့်တော့ လှပတဲ့ဒီမြင်ကွင်းကို……………………….   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး (7-12-2011)    


ဒီပုံလေးကတော့ တောင်သမန်အင်းရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ အမရပူရခေတ်က တည်ထားခဲ့တဲ့ ပုထိုးတော်ကြီးဘုရားအဝင် မုတ်ဦးအဟောင်းနဲ့ ဘုရားဝင်းထဲမှာရှိတဲ့ခေါင်းလောင်းတော်ပါ။ ခေါင်းလောင်းထားတဲ့နေရာကတော့ ခုမှ အသစ်ပြင်ထားတာပါ။ မရောက်ဘူူးသူ မြင် မြင်ဘူးသူရောက်ချင် ရောက်ဘူးသူ ထပ်သွားချင်စိတ်ပေါ်လာမလားလို့ တင်ပေးတာပါ