moonpoemMay 12, 20141min20911
မွန်းစံ အဲဒီစင်ပေါ်က လူ၂ယောက်ဟာ တောင်ပံတဖျတ်ဖျတ်ခတ်လိုက် စင်ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ဘာဖြစ်နေကြတာလဲ။ ဧည့်သည် အမေးရှိသော် အဖြေရှိရတော့မည်။ကိန္နရီ ကိန္နရာကနေတာဖြစ်ကြောင်း။လေပြင်းတိုက်သော တစ်ည ထိုတစ်ညတာဝေးတာကိုပင် ရက်ပေါင်း ၇၀ဝ တိုင်အောင်ငိုကြွေးတာ ဖြစ်ကြောင်း moon poem တစ်ယောက် အားရပါးရ ပွား၏။ ဧည့်သည်၂ယောက် ကျွန်ုပ်အပြောတွင် မြောသွားရက တော်တော်စိတ်ဝင်စားသွားပြီး ဆက်လက် ရှင်းပြပေးရန် ပြောလာသည်။ နောက်တစ်ပုဒ်တွင်တော့ ဘာကသည်မသိ ခဏခဏဆိုနေသော corus ပိုဒ်ကို ဘာသာပြန်ခိုင်းသည်။ ၎င်းတို့ ညွှန်းဆိုနေသော အနှီcorus ပိုဒ်မှာ အလှျံဝေဝေ အလျှံဝေဝေ အလျှံဝေဝေဝေ ဟူသတတ်။ လျှံခြင်း ဝေခြင်းဖြစ်သည့်အတွက် စင်ပေါ်တွင် ထမင်းအိုးတည်ခြင်း မီးမွှေးခြင်းများလားထင်ကာ ရှာသော်လည်း မတွေ့။ ကြံရာမရသည့်အဆုံး အကျွန်ုပ်မှာ ကရဝိတ်ရှိတိုင်လုံးများကြား ပုန်းအောင်းရန် ကြံစည်မိချေ၏။ […]