researcherFebruary 17, 20111min39711
Kyawmonkhant ရေးထားတဲ့ ကုမုဒြာကြာပန်းအလှ ဆိုတာကိုကြည့်ပြီး ရေးချင်စိတ်ဖြစ်သွားလို့ ဒီစာကိုရေးလိုက်တာပါ။ ကုမုဒြာမျိုးကွဲ ဘယ်နှစ်မျိုး ရှိလဲတော့မသိပါဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ကုမုဒြာဆိုတဲ့အပင် စိုက်ဘူးပါတယ်၊ အရွက်တွေက ပုံထဲမှာပါတာနဲ့တူတယ်၊ ကျွန်တော်တို့အပင်က အရမ်းပွားပြီး ကြီးသွားလို့လားမသိဘူး၊ အရွက်တွေအရှည်ကြီးနဲ့ အုံလိုက်ကြီးပဲ၊ ပန်းကတော့ ညဖက်မှာပွင့်တယ်၊ ည ၁ဝ နာရီခွဲ ၁၁ နာရီဆိုပွင့်ပြီး မနက်ဆို ညှိုးနေပြီ၊ ပန်းပွင့်က အဖြူရောင်ပဲ၊ ဒါပေမယ့် ပွင့်ဖတ်တွေကတော့ ပုံမှာပါတာနဲ့မတူဘူး၊ ပုံထဲက ပွင့်ဖတ်တွေက ငှက်မွှေးပုံစံ အထပ်အထပ်လေးတွေ ၊ ပန်းပွင့်ပုံစံဝိုင်းတယ်၊ ကျွန်တော်တို့ အိမ်က ပန်းက ပွင့်ဖတ်က သေးသေးသွယ်သွယ် ရှည်မျောမျောလေးတွေ၊ မြင်သာအောင်ပြောရရင် ငုံနေတဲ့အချိန်မှာ ရုံးပတီသီးလိုမျိုး ရှည်ရှည်လေး၊ ရုံးပတီသီးလောက်တောင် မတုတ်ဘူး၊ ပွင့်ဖတ်တွေ မများတဲ့အတွက် အထပ်အထပ်လဲ […]