အာဖ်ံ ကြီးJanuary 28, 20111min22324
( ၁ ) “ ရန်ကုန် ” “ မဟာရန်ကုန် ” တဲ့လေ … ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ် အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။ ( ၂ ) အဲ့ဒီမြို့ကြီးပေါ့ … “မီဂါစီးတီး” တဲ့ ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။ ယင်တလောင်းလောင်း ၊ ပြည်တစိုစို ညနေညိုချိန် “အေ့”ခနဲ ယင်းထ လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။ အနာဂတ်နိုင်ငံတော်ကိုရည်စူး ပင်လုံရေသောက်မြစ်အတွက် သွေးမြေကျ အာဇာနည်တွေ ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။ အောင်ကျော် ၊ ဖုန်းမော် ၊ ဝင်းမော်ဦး … ၊ ….. ၊ …. အာဏာရှင်စနစ်အောက်မှာ ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း […]