uncle kyawMarch 4, 20121min32921
သူများတွေက သူတို့သိတာတွေရေး…ကိုယ်က ဘာမှမသိတော့ ကိုယ်သိတာ ကိုယ်ရေးမှာပေါ့…ရွာထဲ ရေးချင်လို့ ဖတ်ချင်လို့ မန့်ချင်လို့ ဝင်လာတာ..အညံ့တော့ မခံနိုင်ပေါင်…တစ်ချိုု့ ဆေးလိပ်ဖြတ်ချင်တဲ့ ရွာသားတွေများရှိရင်လည်း နည်းပေးလမ်းပြလေး ဖြစ်နိုင်တယ်လို့ယူဆတာလေးလည်း ပါတာပေါ့.. ဆေးလိပ်စသောက်တော့ အသက် ၁၆ နှစ်ကျော်ကျော်…ဘူး ထ တတ်ခါစ အရွယ်..ဆေးလိပ်လက်ကြား ညှပ်  အဟုတ်ကြီးမှတ်..မီးခိုးလေးမှုတ်ထုတ် အတော်ဟုတ် ခဲ့တယ်လို့ ထင်ခဲ့တာလေ…၃လိပ်ကို တစ်ကျပ် နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်ရေ …ဆိုတဲ့ခောတ် မမှီလိုက်ပေမဲ့ ရွှေဒူးယားတစ်ဗူး ၁၅ ကျပ်လောက် က ဖြစ်မယ်…မိဘ က မုန့်ဖိုးပေး ..ဆေးလိပ်လေး ဝယ်ခဲ..တယ်ဟုတ်တဲ့ငါ ပါလားပေါ့..မှန်ရှေ့ရပ်ပြီးတောင် စတိုင် လုပ်ကြည့်ခဲ့သေး ..ရွှေဒူးယားလေး ခဲလိုက် မုန့်ဖိုး နည်းရင် အဲဒီခောတ်က လူငယ်တွေ အကြိုက်များတဲ့ နေခြည်ဆေးပေါ့လိပ်လေး ကျောင်းလွယ်အိတ်ထဲ ဆောင်ထားလိုက် […]