မြသဲ ( 17082011 )January 2, 20141min14814
ကျွန်မရဲ့ ရာပြည့်ပိုစ့်ကိုတော့ မှတ်မှတ်ရရလေးရေးချင်တာကြောင့် အခုမှစောင့်ပြီး တင်ရတာပါ။ တကယ်တန်းတော့တင်ချင်တာကြာပါပြီ။ ကျွန်မတို့မိသားတစ်စုလုံး သေဘေးကနေလွတ်လာတာလေးတင်ချင်တာပါ။ တခြားသူတွေလဲ သတိထားလို့ရ အောင်လဲရည်ရွယ်ပါတယ်။ မေ့ထားချင်တဲ့ဖြစ် ရပ်ပြန်မတွေး ချင်တဲ့ဖြစ်ရပ်မို့ မေ့ထား ဖို့ကြိုးစားခဲ့ပေမဲ့ ဟိုတလောက Wholesale မီးလောင်လို့ ဝန်ထမ်းခုနစ်ယောက်ဆုံး ပါးသွားတာကို ကြားလိုက်ရတော့ ပြန်မတွေး ချင်ပေမဲ့ပြန်သတိယလာပါတယ်။ ဒါကြောင့်လဲ မှတ်မှတ်ရရဖြစ်အောင် ရာပြည့်ပိုစ့်အနေနဲ့ ကိုယ့်ရဲ့ဒုတိယအသက်ကို ဂုဏ်ပြုပြီးတင်လိုက်တာပါ။ လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်ကပေါ့။ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်မှာပေါ့။ ကျွန်မတို့မိသားစုဟာ တိုက်ခန်းကျဉ်းလေးမှာနေပါတယ်။ ကံကောင်းတာက ဘေး ကလမ်းဖြစ်နေတော့ ခေါင်းရင်းဘက်အခြမ်းက ပြတင်းပေါက်အပြည့်ရပါတယ်။ လေ ဝင်လေထွက်ကောင်းတယ်ပေါ့။ ကျွန်မသားကလေးကလဲ အဲတုန်းက ၁ နှစ်ခွဲ ကျော် နှစ်နှစ် မပြည့်သေးဘူးပေါ့။ အဖေကလဲ အလည်ရောက်နေပါတယ်။ ကျွန်မတို့မိသား စုကအခန်းထဲမှာအိပ်ပြီး […]