အညာတမာJuly 15, 20121min30624
ကျတော်တို့အညာဒေသမှာရှိတဲ့ အထူးသဖြင့် ရွာတွေမှာနေထိုင်တဲ့ လူတွေဟာ အေးအေးလူလူနေတတ်ကျတယ်၊ ဧည့်ဝတ်ကျေပြွန်တယ်၊ ဖော်ရွှေတယ်၊ ရိုးသားကြတယ်။ တကယ်တော့ ရိုးသားလွန်းအားကြီးရင် “အ” သလို ဖြစ်သွားတတ်တယ် ဆိုတာကို သူတို့ဘဝရဲ့ အဘိဓာန်မှာ မပါတဲ့ မီးနင်း (meaning) ပါ။ ဒါကြောင့် ကျတော်တို့ အညာသူ၊ အညာသား တွေဟာ  ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ပေါ်မှာ ဘဝ တလျှောက် ကြောင့်ကျမူကင်းစွာ နေထိုင်ခဲ့ကြတယ်။ ကျတော်တို့ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ခေါင်သလားမမေးနဲ့ လကမာ္ဘကို တိုက်ရိုက်သွားနိုင်ပေမယ့် ရန်ကုန်ကနေ ရွာကို ရောက်ဖို့ဆိုရင် ကား၊ သဘောင်္၊ နွားလှည်း ပြီးရင် ခြေလျှင်ပါ လျှောက်နိုင်မှ ရွာကို ရောက်တယ်။ အဲဒီလောက် ခေါင်းပါးတော့ တစ်ခုခုဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် အသစ်အဆန်းဖြစ်ရတယ်။ ကျတော်မှတ်မိနေသေးတယ်၊ […]