yu thaw let : ကျုပ်တို့က လျှပ်လဲပြက်မပြဘူး၊ ထစ်ချုန်းသံလဲမပေးဘူး၊ မိုးအလိုလို ရွာမှသာ ရေပုံးလေး ချပေးထားတာပါ။ pay thaw let: မိုးကတော့ဘယ်အလိုလိုရွာမလဲ၊ ကျွန်တော်မှာသာ မိုးရွာတယ်ထင်ရအောင်၊ ဖားတွေကို အစာကြွေး အသံတွေပေးလို့၊ မိုးရွာအောင်လုပ်ပေးနေရတာပါဗျာ။ yu thaw let : ကျုပ်တို့က အပင်ပေါ်ကအသီး တုတ်နဲ့ထိုးချပြီး မစားဘူး။ သူ့အလိုလိုမြေခ ကြွေကျမှစားတာပါ၊ pay thaw let: သစ်ပင်ပေါ်ကိုတက်ခွ၊ ကြွေတယ်ထင်ရအောင် ခြွေချပေးနေရတာပါဗျာ၊ ကျနော်တို့မှာလည်းစုတ်ပြတ်သတ်နေပါပြီ။ yu thaw let : အသာလုပ်ပါ ရသင့်တာထက်ပိုတဲ့အခွင့်အရေး လိုချင်ကြလို့ ကျုပ်ကိုပေးတာပါ။ သမက်လိုချင်လို့သမီးပေးဒီသဘောလေးတွေပါ၊ pay thaw let: မကြွေ မရွာ လို့ကတော့၊ မျှော်သာမျှော်ပေါ်မလာ၊ သေပြီဆရာအခါခါအော်ရုံပါဘဲ။ […]