ကျွန်တော်ကအလုပ် အားတဲ.အချိန်လေးဆိုရင် ကိုယ်.အိမ်မှာ သီချင်းဆိုပြီး အိမ်နီးနားချင်းတွေကို အသံနဲ.နှိ်ပ်စက်တတ်ပါတယ်။ သူများ အဖုို.တော. မသိဘူး ကိုယ်ဆိုတဲ.အသံကို တော. လန်းတယ်ထင်တာဘဲလေ။ တစ်ရက် အိမ်မှာ သီချင်းဆိုကောင်းနေတုန်း အိမ်တံခါးဝမှာ မိုးပြာရောင်ဝတ်စုံ ဝတ်ထားတဲ. လူနှစ်ယောက်ကိုတွေ.တော. “ဘယ်သူနဲ.တွေ.ချင်ပါသလဲ”လို.မေးလိုက်ပါတယ်။ ” ကျွန်တော်တို. အနုပညာ ထိန်းသိမ်းရေးအဖွဲ.ကပါ “လို.လေးလေးစားစားဖြေပါတယ်။ ” ကဲ ကျွန်တော်က ဘာများဆောင်ရွက်ပေးရမလဲ “လို.မေးလိုက်တော. ” အခု အကိုစက်ထဲမှာ ထည်.ပြီးဆိုနေတဲ.သီချင်းခွေလေးကို ခဏလောက်ကြည်.ပါရစေခင်ဗျာ”လို. ယဉ်ယဉ်ကျေးကျေးလေး ပြောတော. ကျွန်တော်လဲ “ဝင်ခဲ.ပါ “လို.ဖိတ်လို်က်ရပါတယ်။ သူတို.လဲ အိမ်ထဲကိုရောက်ရော စက်ထဲက အခွေလေးကိုထုတ်ပြီး သူတို.ကိုပေးလိုက်ပါတယ်။ သူတို.က ကျွန်တော်ပေးတဲ.ခွေကို သူတို.အိတ်ထဲက ကိရိယာသေးသေးလေးနဲ.ထုတ်ပြီး ဘာတွေစမ်းသလဲတော.မသိဘူး စမ်းနေရင်း နှစ်ယောက်သားလဲတိုးတိုး တိုးတိုးနဲ.ဘာတွေတိုင်ပင် မှန်းမသိ ပြောနေကြပါတယ်။ […]