“အတုမရှိ အတုလဝေယန်ကျောင်းတော်”   ကျနော်ဆယ်တန်းကျောင်းသားဘဝ ကျောင်းခဏခဏပိတ်ပါတယ်။ အဲတော့ကျနော်တို့သူငယ်ချင်းတွေလဲ မန်းလေးမြို့ချောင်ကြိုချောင်ကြား မကျန်အောင်လျှောက်လည်ကြတာပေါ့။ အဲဒီခေတ်ကတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။ ကျနော်တို့မကြာခဏရောက်တဲ့နေရာကတော့ အတုမရှိကျောင်းပျက်ကြီးဆီကိုပါဘဲ။ အရှေ့ကျုံးအတိုင်းလား 19လမ်း နန်းရှေ့တံတားရောက်ရင် အရှေ့ဘက်တက်။ 62လမ်းရောက်ရင် မြောက်ဘက်ကွေ့ လမ်းကျဉ်းကျဉ်းပေါက်စနလေးအတိုင်းစက်ဘီးနင်း။ အတော်လေးသွားလို့ အုတ်ရိုးအပျက်တွေနားရောက်ရင် အနောက်ဘက်ကွေ့။ ရေနံချေးတွေဝနေတဲ့ ကျောင်းကြီးတွေ့လို အထဲဝင်လိုက်ရင် ထနောင်းပင်လေးတွေ နောက်မှာ အုတ်ဖြူဖြူကျောင်းပျက်ကြီး။ တောင်ဘက်လှေခါးရင်းက ထနောင်းပင်အောက်မှာစက်ဘီးတွေထား။ အုတ်လှေခါးအတိုင်းအပေါ်တက်. နံရံလေးဘက်ဘဲကျန်နေပြီး အမိုးအကာမရှိတဲ့ ကြီးမားလှတဲ့ကျောင်းပျက်ကြီးကိုငေး။ အတွေးတွေက ပျံ့လွင့် ………ဟိုးအဝေးကို။ ဒီကျောင်းပျက်ကြီးကိုရောက်တိုင်း လွမ်းတာလိုလို သတိရတာလိုလို အမည်မဖော်နိုင်တဲ့ မဆုံးသောခံစားမူ့အသစ်တွေကရင်ထဲကိုတိုးဝှေ့လို့လာမြဲ။ ကျနော်တို့ အလွန်နှစ်သက်ခဲ့တဲ့နေရာလေးက သင်္ကြန်မိုး ရှပ်ရှင်ထဲမှာပါလာတော့ ပိုလို့တောင် နှစ်သက်ခဲ့။ တစ်ခါတစ်လေ နေအောင်နဲ့ခင်သန်းနုရပ်ခဲ့တဲ့နေရာကိုသွားကြည့်မိ။ ထနောင်းပင်ဝါဝါလေးအောက်မှာ လူသွားလမ်းဖြစ်နေတဲ့မြေလမ်းသေးသေးလေး။ […]


      “ မထင်မှတ်ဘဲ ……….ရလိုက်တဲ့ဆူးလေနှင့် ဝန်းကျင်မှ အရုဏ်ဦးပုံရိပ်”   ဟိုအရင်ကျောင်းသားဘဝက ရန်ကုန်ကိုရောက်ရင် ဆူးလေးဘုရားကို ဗဟိုချက်ထားပြီး ဟိုဟိုဒီဒီသွားပါတယ်။ ရှိသမျှကားပေါင်းစုံရဲ့ဆုံချက်က ဆူးလေဖြစ်နေတာကိုး။ ဒါပေမယ့် ဆူးလေရင်ပြင်ပေါ်တက်ပြီး ဘုရားဖူးတယ်ဆိုတာ မရှိသလောက်။ ပြီးခဲ့တဲ့ တစ်ခေါက်ရောက်တုန်းကလဲဖြတ်သားသွားတယ် မနားတယ်ပါဘဲ။ ဆူးလေးဘုရားနားမှာအမှတ်တရပြောရင် အနောက်ဘက်ခြမ်း မှာရှိတဲ့ ဗလီသံတိုင်တွေကြားမှာရောင်းတဲ့ငှက်ပျောသီးကြော်ပါဘဲ။ ရောက်တိုင်းဝယ်စားနေကျ။   ဒီတစ်ခေါက်လဲပြောရရင် ဆူးလေဘက်သွားဘို့ အလှည့်မကျနိုင်သေးပါဘူး။ ဖြစ်ချင်တော့ ရွာထဲက မိတ်ဆွေက ရွှေတိဂုံအာရုံတက်မှာ အရမ်းသပ္ပါယ်တယ်ပြောတာနဲ့ သွားဘို့ ဆုံးဖြတ်လိုက်ပါတယ်။ 7-1-2010 မနက်စောစော အိပ်ယာထ ငါးနာရီပေါ့။ ကားဂိတ်ကိုပြေးပြီး အလွတ်ကျက်ထားတဲ့ ဗဟန်းသုံးလမ်းဆင်းမယ်လို့ပြောပြီး ဟိုနောက်နားမှာသွားပြီးငေးနေပါတယ်။ အတော်လေးကြာမှ သတိရလို့ကြည့်လိုက်တော့ကားက သမ္မတ ဂုံးကျော်ပေါ်ရောက်နေပါပြီ. အဲဒါနဲ့ အနောက်ဘက်လှေခါးကနေတက်ပြီး ဆူးလေစေတီတော်နဲ့ ပါတ်ဝန်းကျင်ကို […]


        “နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”   ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။ သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့ “ဟင့်အင်းပေါ့” အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။ အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။ အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့ စေတီတော်ကိုဖူးမျှော်ရပါတယ်။ ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အဝခံစားရပါတယ်။ နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (17-1-12)                


ရိပ်ယောင်ရေထဲ ကျနော်တို့မြန်မာတွေက ရေထဲမှာအရိပ်ထင်ကလေးပေါ်နေရင် အတော်လေးသဘောကျတတ်ကြပါတယ်။ အခုခေတ် ထွန်းထွန်းတို့အဖိုး ပလေးဘွိုင်အုပ်စုရဲ့ ဦးလေး ကိုအံ့ကြီး ဆိုထားတဲ့ စိမ်းလဲ့ကန်သာဆိုတာ သီချင်းမှာရေထဲမှာအရိပ်ကျနေတာကို ရိပ်ယောင်ရေထဲ လို့တင်စားခဲ့ပါတယ်။ စိုင်းထီးဆိုင်ကလဲ ရေကြည်ထဲကလရိပ်လေးရယ်လို့ တင်စားခဲ့ပြန်ပါတယ်။ အခုကျနော်တင်မယ့်ပုံတွေကတော့ နေရာအနှံ့ကျနော်ရောက်လေရာမှာ လက်ဆော့ခဲ့သမျှထဲက ရေထဲမှာအရိပ်ကျနေတဲ့ ပုံလေးတွေကို သီးသန့်စုစည်းလို့တင်ပေးလိုက်ပါတယ်။ ဒီပုံကတော့ အရင်ကတင်ခဲ့ဘူးပေမယ့် လှတယ် လူကြိုက်များတယ်ထင်တာကြောင့် မကြည့်ဘူးသူများ မြင်ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ဒီပုံကတော့မန်းလေးကန်တော်ကြီး နံဘေးက ထန်းပင်ရေထဲမှာ အရိပ်ထင်နေတာလေးကလှလို့ပါ။ ဒါကတော့ စိမ်းမြ ယိမ်းကဆိုပြီးတစ်ခါတင်တဲ့အထဲမှာပါဘူးတယ်လေ။ ဒါကတော့ ရွှေကြက်ယက်ဆိပ်ကမ်း ဧရာဝတီဖြစ်နံဘေးမှာပေါ့။ အဝေးကတိမ်တွေကြားမှာမြင်ရတာ စစ်ကိုင်းတောင်။ ခပ်ရေးရေးလေးတွေ့ရတာက စစ်ကိုင်းတံတားအသစ်။ ဆိုက်ကပ်ထားတဲ့ရေယာဉ်လေးတွေရဲ့အရိပ်က ရေပြင်မှာ တင်နေလေရဲ့။ ဒီပုံကတော့ မကြာသေးခင်မှတင်တော့မြင်ဘူးသူများနိုင်ပါတယ်။ မိုးကုတ်မြို့ ရေကန်ထဲမှာ အရိပ်ကျနေပုံလေးပါ။ ကျနော်ကိုယ်တိုင်နှစ်သက်တဲပုံလေးတစ်ပုံပါဘဲ။ ဒီပုံကလေးကလဲ မိုးကုတ်မှာပါဘဲ။ ဟိုးအဝေးက […]