” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” သင်းကွဲ” သစ်ရွက်ခြောက် ဝါမွဲမွဲ တွေရဲ့အကြား မှာ နီစိုလွင်လွင် ပန်းပွင့်လေးရဲ့ ဖြစ်စဉ်က မြေခ ကြွေကျတာခြင်း အတူတူ သူကဘဲ တစ်သီးတစ်ခြား ဘဝမှားနေသလိုလို။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၄၁၈K


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


“မျိုသိပ်ခြင်း” ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ တွေးထားတာတွေ ဖြစ်မလာတဲ့အခါ စီစဉ်ထားတွေ ဖြစ်မလာတဲ့အခါ လိုချင်တာတွေ ရမလာတဲ့အခါ အချိန်အခါမကျ ငါမရသေး ခဏလေးတော့ စောင့်ရအုံးမယ်ဆိုတဲ့ ဖြေသိမ့်ခြင်းနဲ့ ဖြစ်ချင်စိတ်ကလေးကို ရင်ထဲမျိုချလိုက်ပါတယ်။   ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 191117


” ဖြစ်ရပ်မှန်” အဟောင်း တွေကို ပြန် ပြန် နွှေး အတိတ် ကို သမင်လည်ပြန် တွေးရင်းနဲ့ဘဲ ငါတို့ရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း တစ်စ ထက်တစ ဝေဝါး၍ နေလေတော့၏။ ကိုပေါက်(မန္တလေး ) ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၇၁၇


“လမ်းခွဲချိန်မှာ ” ဆုံခြင်း ခဏမှ ခွဲခွာရချိန်များမှာ နုတ်မဆက်ချင်ဘူး တကယ်ဝေးမှာစိုးလို့။ လက်မပြချင်ဘူး တကယ်ဝေးမှာစိုးလို့။ စိတ်မချ နိုင်ဘူး တကယ်ဝေးမှာစိုးလို့။ မသွားနဲ့လို့လဲ မတားခဲ့နိုင်ဘူး အခြေအနေတွေမပေးလို့။ ကိုပေါက်(မန္တလေး )


“အဆုံးသတ် ကစားပွဲ” ညောင်မြစ်တွေ လိုက်တူးပြီးတဲ့အဆုံး တွေ့ ရတဲ့ ပုတ်သင်ဥတွေထဲမှာ အပုပ်တစ်လုံးပါနေတာ  ဆန်းသလားကွာ။ အမြင်မှာတောင် ပက်ပက်စက်စက် ရှုံးနေတဲ့ တစ်ချပ်မှောက်ကစားပွဲမှာ မှောက်ထားတဲ့အောက်ဖဲ လှန်ပြဘို့ မလိုတော့ဘူးထင်တယ်။ ကောက်ကျစ်တဲ့ နှုလုံးသွေးနဲ့ရေးမယ့် မိစ္ဆာပန်းချီကားတစ်ချပ် အဆုံးသတ်ဘို့ အတွက် ရက်စက်တဲ့ စုတ်ချက် တစ်ချက်သာ လိုပါတော့ တယ် ကဲ     မိတ်ဆွေ ကစားပွဲ ရဲ့ အဆုံး  အရှုံးအနိုင် အတွက် ခင်ဗျား ဘယ်ဘက်ကထိုင်ချင်ပါသလဲ။ ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 12517


“တတိယမြောက် အခွင့်အရေး” မိန်းခလေးရေ မလယ်မဝယ် မင်းခပ်ငယ်ငယ်ပေါ့ ချစ်သူနဲ့ကွဲ လမ်းလွဲသွားတဲ့အခါ ငါ့ရင်ထဲတိုးဝင် မင်းငိုကြွေးစဉ်က ရှတတ မျက်ရည်စ အသာတို့ယူ ငါ ဖယ်ပေးခဲ့ဘူးတယ်။ မိန်းကလေးရေ အရွယ်တွေလွန်မြောက် အတောင်တွေပေါက် အချစ်တစ်ခုထဲနဲ့ ဖောက်ခွဲပျံသန်း လောကကြီးကို စမ်းသပ်စဉ်က လမ်းမှားလူမှား ခါးခါးဘဝ ကြုံရခိုက်က မခံနိုင်အဆုံး ရုန်းထွက်ခဲ့စဉ် ငါ့ရှေ့မှာခြေစုံရပ် နောင်တတွေနဲ့ ဆက်စပ်နေတဲ့မျက်ရည်စ ပူလောင်စွာ တလိမ့်ခြင်းကျစဉ် အသာတို့ယူ ငါ  ဖယ်ပေးခဲ့ရဘူးတယ်။ မိန်းခလေးရေ အခုများမတော့ အနေတွေဝေးသွား သတင်းမကြား E mail မရောက် မပေါက်  Wechat Messenger မလာ Viber မရှိ ဘာဆိုဘာမှသိ မှောင်အတိကျသောနေရာ ငါရောက်နေစဉ် အခါသမယ တကယ်လို့များ မင်းမှာ တတိယမြောက် မျက်ရည်စ […]


”  အရှုံးနဲ့စတဲ့ဇာတ်”     မပြိုင် ခင်က ရှုံး မစ ခင် က ဆုံး မဆုံ ခင် က ကွဲ မတွေ့ ခင်က လွဲ မဖြစ် ခင်က ပျက်   ရက်စက်တဲ့ ကံကြမ္မာ အဆိုးတွေဘဲ လာနေတာ ငါတစ်ယောက်ထဲဘဲလားဟေ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၄၁၇