” စွန့် ”   စိမ်းမြ ညို့လွင် တောစဉ် တောင်တန်း ဖြတ်သန်း ခွေရစ် ချောင်း မြစ် ပင်လယ်။ ဟော  ဟိုမယ် ပြာလွင် ကောင်းကင် တိမ်အရိပ် တိတ်ဆိတ် လွတ်လပ် ငြိမ်းအေးရာ အရပ်ဆီ အသော့နှင်မည် ပွေလီ လိမ်ရှုပ် အပုပ်နွံထဲမှ ထွက်ပြေးခြင်း။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၉၂၁၇  


” ကြွေ လု လု ” လေပြေညှင်းလေးရေ ဖြေးဖြေးသာသာ တိုက်ခတ်ပါ။ အညှာမခိုင် နွဲ့ယိုင်ယိုင် ကြွေသွားနိုင်လို့ပါ။ ကောင်ကလေးရေ မမြင်ကွယ်ရာ နေပေးပါ။ ယိမ်းတိမ်းယိုင်တိုင် စိတ်မခိုင် ကြွေသွားနိုင်လို့ပါ။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၄၂၁၇


”   စိတ်  မာဆတ်”   မရီချင်ဘဲ ရီ မတည်ချင်ဘဲတည် နေ့စဉ်နဲ့အမျှ ဟန်ဆောင် နေရခြင်း အတွက် စိတ်အငြီးပြေချင်ရင် ဖွဘုတ် အတွင်းကို ဝင်ပါလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၆၁၂၁၆


” စိတ် ငှင်ခြင်း ” တစ်ခါ တစ်ခါ အဝေး။   တစ်ခါ တစ်ခါ အနီး။   တစ်ခါတစ်ခါ အလိုမကျ။   တစ်ခါတစ်ခါ ကြည်နူး။   တစ်ခါတစ်ခါ တစ်ခါ တစ်ခါ တစ်ခါ တစ်ခါ မတူခြားနား အပြောင်းအလဲများလှတဲ့ စိတ်ကို ဘာ နဲ့ ငှင် ရင် ကောင်း မလဲ ဟင် ?????   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၁၂၁၆


“ဲစိတ်သုဉ်းခြင်း”   သူမှန်တာ ကိုယ်မှား။   ကိုယ်မှားတာ သူမှန်။   သူဖြူတာ ကိုယ်မဲ။   ကိုယ်မဲတာ သူဖြူ။         အယူတွေ မတူလေသောအခါ   ပြုံးရာကမဲ့ ချစ်ရာကမုန်း လမ်းဆုံး ရောက်ကြလေကုန်၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၂၁၁၁၆


“အပူ နဲ့လူ ”   လောကမှာ လူ မှန်သ၍ အပူ မကင်း အပူတွင်းမှာ နေကြရသူ။   သို့သော် ပူတာခြင်း အတူတူ ခံယူပုံခြင်းတော့ မတူ။ မတူ။   အချို့ကတော့ အပူမရှိ အပူရှာ ဒုက္ခဝယ်တဲ့သူ။   အချို့ကတော့ သူများအပူ ကိုယ့်အပူ တကယ့်ကို အူတူတူ။   အချို့ကတော့ အရေထူ ဘာလာလာ မပူရေးချမပူ။   အချို့ကတော့ အပူလာ တာနဲ့ သောကဆူ ဗျာများလို့နေသူ။   အပူ အပူ သူ့လဲပူ ငါ့လဲပူ ဟိုလဲပူ ဒီလဲပူ လူမှန်သမျှ ပူ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၀၁၁၁၆    


” စိတ်ခါးခြင်း ”   တည်သမျှ ပျက်   တွေးသမျှ ချော်   ကြံသမျှ လွဲ   လုပ်သမျှ မှား   အဲတော့ စိတ်တွေမချိုတာ ဆန်းသလားဗျာ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၆


” စိတ်ကြီးဝင်ခြင်း ”   အချို့  က   အားလုံး သိ   အချို့က   အားလုံး ရှိ   အချို့က   အားလုံး ညိ   အချို့က   အားလုံး မိ   အချို့က   အားလုံး ထိ   ထိုအခါ စိတ်ကြီးဝင်လေ၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၆၁၁၁၆    


”  ပြန်ချိန်”   ဆည်းဆာ မှောင်ရီ မပီ့တပီ။   လှသောရောင်စုံ ပန်းချီ ရုပ်သိမ်းပြီ။   ကျနော်လည်း ပြန်ခဲ့ပြန်ခဲ့ပြီ။   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ ၁၅၁၀၂၀၁၆


”  လမ်း  နိယာမ”   မြေလမ်း ပေတစ်ရာလမ်း ကျောက်လမ်း သံလမ်း လမ်းမှန်သမျှဟာ ကျောခင်း သူ့ကိုဖိနင်းလို့ သွားနိုင်တာ။   သို့သော် သူ ခွင့်ပြုသလောက်သာ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၉၂၀၁၆  


“တစ်ခန်းရပ် ”   မင်းက ငါ့ဆီ မလာ။ ငါက မင်းဆီ မရောက်။   မင်းလာတော့ ငါမရှိ။ ငါရောက်တော့ မင်းမလာ။   ဒီလိုသာအခါခါလွဲ နှစ်ယောက်ဆုံနိုင့်ခွင့် မွဲနေမှတော့ ညောင်ညိုပင်စခန်းမှာ လမ်းခွဲ လိုက်ကြရအောင်အေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၅၅၁၆