အရင်ခေတ်တွေတုံးက သီချင်းတပုဒ်ကို အပြန်အလှန်ဆိုကြတာကလေးခေတ်စားဘူးပါတယ်။ ပထမ မိန်းကလေးက ( ရွှေဘုံပေါ်မှစံချင်သူဆိုရင် )နောက်ယောက်ျာလေးက( ရွှေဘုံပေါ်မှာစံချင်သူသို့)ဆိုတာမျိုးပေါ့။ စတီရီယိုပထမခေတ်မှာ တင်မိုးခို်င်ဆိုတဲ့ကောင်မလေးက (ရွှေရင်တံခါးကို ပိတ်လို့ထားမယ် ရှင်…ရှင်….ရှင့် အပျိုစဉ်နှမက ချစ်တယ်ဆိုတာသိပ်သိပ်ကြောက်)လို့ ဆိုပြလိုက်တော့ ကောင်လေးကလဲ (ရွှေတံခါးကြီးဖွင့်ပါအုံး ငွေတံခါးကြီးဖွင့်ပါအုံး………………….)လို့ပြန်တောင်းပန်တဲ့သီချင်းလေးခေတ်စားလာပါတယ်။ ခုခေတ်မှာတော့ကောင်မလေးရဲ့သား ဂွတ်မောနင်းပေါင်မုန့်ကိုကြော်ငြာပေးခဲ့တဲ့ ဂျစ်တူးတူးရုပ်ကလေးနဲ့ကောင်လေးကလဲ ခုခေတ်ကောင်မလေးတွေကို သူ့ရှေ့မှာလာပြီးအကျိမ်ခိုင်းတဲ့ကောင်လေးကတော့ (အင်္ဂလန်က ဘုရင်မကြီးတောင်ကြွေသွားမယ်)ဆိုတဲ့ ရေမကူးတတ်တဲ့ဘဲလေး ဂျေမီပါဘဲ။ ကျနော့်ရုံးမှာ ကျနော်စာရင်းတွေလုပ်ဘို့ကွန်ပြူတာတစ်လုံးပေးထားပါတယ်။ ဒီကွန်ပြူတာလေးက ကျနော်နဲ့ကျနော်ချာတိ်တ်လေးတွေ အတူသုံးတာပေါ့။ သည်ဘက်ခေတ်ထဲမှာ ကွန်ပြူတာထဲကိုသီချင်းတွေထဲ့လို့ရတဲ့ဆော့ဖ်ဝဲတွေပေါ်လာတော့ စက်ထဲကို သူုတို့ကလဲ သူတို့ကြိုက်တာထည့် ကျနော်ကလဲ ကျနော်ကြိုက်တာထည့်၊ဆိုတော့ စက်က မမ်မိုရီတွေများပြီးလေးကုန်ပါတယ်။ အဲတော့သီချင်းတွေကို ဖျက် ဖျက် ပစ်တော့ ကျနော်ကြိုက်တဲ့သီချင်းတွေကို သူတို့ကမသိဘဲဖျက်၊သူတို့ကြိုက်တာကိုလည်း ကျနော်ကဖျက်မိဖြစ်ကုန်ပါတယ်။ သည်တော့ သီချင်းကို မမ်မိုရီနည်းတဲ့ MP3လိုဟာမျိုးထည့်မယ်။ သီချင်းဖျက်မယ်ဆိုရင် […]


ပြီးခဲ့တဲ့ အပါတ်တုံးကဂိုဒေါင်မှာ စာရင်းကိုင်ဘို.ယောက်ျားလေးတစ်ယောက်လိုတာနဲ.သတင်းစာကတစ်ဆင်.လူခေါ်လို. လူရွေးပွဲကျင်းပကြပါတယ်။ အဲဒီထဲမှာ ကောင်လေးတစ်ယောက်က အိမ်ထောင်စုဇယားမိတ္တူကိုအတုလုပ်ပြီးလာတာကိုတွေ.ရပါတယ်။ အလုပ်တောင်စမလုပ်သေးဘူး သည်လိုလိမ်ညာပြီးဝင်လာတာကိုတွေ.ရတော.ကျနော်အတော်လေးကိုစိတ်ပျက်မိပါတယ်။ နောက်နေ.အလုပ်အားတဲ.နေ.အိမ်မှာ စာဖတ်နေရင်းကလည်း ဘာလို.နေရာတကာမှာ အညာတွေကိုဘဲ တွေ.နေရသလဲဆိုတဲ.မေးခွန်းလေးက ရင်ထဲမှာ အတွေးထဲမှာဝဲလှည်.လို.နေပါတယ်။ အရပ်ထဲမှာ ဈေးထဲမှာ လက်ဖက်ရည်ဆိုင်မှာ အလုပ်ထဲမှာ နေရာတကာမှာ “ညာ” “ညာ” “ညာ” မှ “ညာ” ဖြစ်နေတာကိုစိတ်မကောင်းရာတွေ.နေရပါတယ်။ ကျနော်အထင်ဟိုအရင်လွန်ခဲ.သော အမှောင်ဖုံးသောနှစ်များစွာကနေဒီ “ညာ” ခြင်းတရားတွေ စတင်လိုအသက်ဝင်ခဲ.တယ်ထင်ပါတယ်။ လက်တွေ့နဲ.ကင်းကွာလို. သဘောတရားသက်သက်နဲ.သာတည်ဆောက်ထားတဲ.စီမံကိန်းတွေကို ဇွတ်အကောင်အထည်ဖော်ခိုင်းခဲ.ကြပါတယ်။ အမှန်တကယ် လုံးဝမဖြစ်နိုင်လို. မအောင်မြင်ဘူးလို. အမှန်အတိုင်းပြောသူဟာ အဖယ်ရှားခံရ ချောင်အထိုးခံရပါတယ်။ သည်တော. ဟုတ်တာ မဟုတ်တာအပထား နောက်မှဘာဖြစ်ဖြစ် ကိုယ့်အကျုးိစီးပွားမပျက်အောင် မအောင်မြင်တာကို အောင်မြင်ပါတယ် မဖြစ်နိုင်တာကိုဖြစ်နိုင်ပါတယ်လို. လုပ်ဇာတ်တွေခင်းခဲ့ကြပါတယ်။ သည်လိုလိမ်ညာတင်ပြနိုင်တဲ.သူတွေက အမှန်တကယ်ကိုကောင်းစားခဲ့ကြဘူးပါတယ်။ ဘယ်တော.မှ ဘာပစ္စည်းမှ ပြည်.စုံအောင်မရှိဘဲ […]