“အထဲထဲသို့တိုးဝင်ရွှေဥမင်   စေတီ ကျောက်ပန်းဆွဲအလှအပများ………အပိုင်းသုံး”   မဒမ်ပေါက်ကိုခေါ်ပြီးအထဲကိုနောက်တစ်ခေါက်ထပ်သွားပါတယ်။ အတွင်းကပိုပြီး ကျယ်ဝန်းတာကိုတွေ့ရတဲ့အပြင် ခန်းမကြီး သုံးခန်းရှိတာကိုလဲတွေ့ရပါတယ်. ဝင်ဝင်ချင်းအခန်းကကျောက်ပန်းဆွဲတွေကြားမှာ စေတီလေးတစ်ဆူ။ ရေတွေစိမ့်နေတာရယ် ခင်းထားတဲ့ကျောက်ပြားရယ်ပေါင်းလိုက်တော့ ချော်မလဲအောင်အတော်လေးသတိထားရ။ အပေါ်ကိုမော့ကြည့်တော့လဲလှ။. ဘေးဘက်ကြည့်တော့လဲလှ။ အဝေးကြည့်တော့လဲလှ။ ချော်လဲမှာလဲကြောက်ရနဲ့ အတော်လေးကို ဗျာများခဲ့ရပါတယ်။ အောက်ခြေကိုထိနေတဲ့ကျောက်တုံးကြီးတွေ ခေါင်မိုးပေါ်မော့်ကြည့်မိပြန်တော့ အမွှာမွှာနဲ့ဇောင်းထနေတဲ့ ကျောက်ပန်းဆွဲတွေ ကိုမြင်ရပါတယ်။   အဲဒီကနောလျျောက်ရင်း တောင်ဖက်ထဲကို တိုးဝင်လိုက်တော့ နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲကိုရောက်သွားပါတယ်။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (30-5-2012)  


                  “နံနက်ခင်း ရူ့မဝ ညနေခင်း ငေးမဝ”     ခါတိုင်းနှစ်တွေတုံးက မနက်တိုင်း လမ်းလျောက်ဖြစ်ပါတယ်။ ဒီနှစ်တော့ အကြောင်းအမျိုးမျိုးပြပြီး အပျင်းထူလို့ လမ်းမလျောက်ဖြစ်။ သင်္ကြန်တွင်းပိတ်ရက် ဇိမ်ယူပြီးမလျောက်ဖြစ်ပါဘူး.။ မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့တော့လျှောက်ဖြစ်ပါတယ်။ 24-4-2012 ရောက်တော့ အလုပ်ကိစ္စနဲ့ခရီးသွားရပါတယ်။ အဲဒီမှာတောင်ကြီး ရောက်တဲ့နေ့ကစလို့ မနက်တိုင်းပြန်လမ်းလျောက်ဖြစ်ပါတယ်။ အောင်ပန်းမှာရော ရန်ကုန်ရောက်တဲ့အထိ ပုံမှန်လမ်းလျောက်ဖြစ်ပါတယ်။. အဲတော့ မနက်ခင်းပုံလေးတွေရပါတယ်။   အများအားဖြင့် ကျနော်ပုံမှန်အားဖြင့်ညနေခင်းအချိန်တွေက အလုပ်ထဲမှာကုန်သွားတာများပါတယ်. ညနေခင်း နေဝင်ချိန်ကို မမြင်ရသလောက်ပါဘဲ။ ကျနော်ရဲ့ညနေခင်းတွေပျောက်ဆုံးကုန်တာကြာပေါ့။ ဥပုဒ်လို အလုပ်ပိတ်ရက်ရောက်ပြန်တော့လည်း ကျနော်က အင်တာနက်ဆိုင်ထဲမှာ။   အခု ခရီးထွက်တဲ့အခါ မုတ္တမဆိုတဲ့မြို့လေးကို ရောက်ဘူးတယ်ဆိုရုံလေးရောက်ခဲ့ရပါတယ်။ ည […]


    5 အနောက်ဘက်တောင်ကုန်းပေါ်က ဖူးမျှော်ရတဲ စေတီ (နံနက်ခင်းလေးက ကြည်နူးစရာ)       “တောင်ကြီးမြို့ရဲ့လန်းဆန်းလတ်ဆတ်တဲ့အလှများ”     ကျွန်တော်တောင်ကြီးမြို့ကို အေပရယ်လနောက်ဆုံးပါတ်မှာ ဒုတိယအကြိမ်မြောက်ရောက်ခဲ့ပြန်ပါတယ်။ ကားဆိုက်တာ မနက်လေးနာရီခွဲလောက်ဆိုက်ပါတယ်။ အဲဒါနဲ့ဘဲတည်းခိုခန်းတန်းသွား ပစ္စည်းတွေချ။ မနက်ငါးနာရီလောက်ရောက်သွားတာနဲ့ မအိပ်တော့ဘဲလမ်းလျောက်ထွက်လာခဲ့ပါတယ်။. တောင်ကြီးမြို့ နံနက်ခင်းမှာ ကျန်းမာရေးလမ်းလျောက်ထွက်သူတွေအတော်လေးများပါတယ်။ မြို့တောင်ဘက်ကို လျှောက်ရင်းနဲ့ စူဠာမုဏိစေတီနားအထီရောက်သွားပါတယ်။ ဒီတစ်ခါတော့ စေတီတော်ရဲ့အရှေ့ဘက်လမ်းကလေးအတိုင်းလျှောက်လာလိုက်ပါတယ်။ နောက်တော့ ဘုရားဖူးပြီး ပြန်ဆင်းလာခဲ့ပါတယ်။ အောက်ဘက်ကားလမ်းမအတိုင်းဆင်းလာရင်းလမ်းခွဲလေးတစ်ခုတွေ့လိုက်တော့ အနောက်ဘက်လမ်းကိုဆက်လျှောက်သွားမိပါတယ်။ ဆက်သွားမှာ လမ်းကလေးက ကျောက်ဆောင်ကြီးနှစ်ခုကြားထဲကိုဝင်သွားပါတယ်။ အဲဒီကျောက်ဆောင်အတွင်းထဲကိုဖြတ်လမ်းလေးအတိုင်းသွားတဲ့အခါမှာတော့ဟိုးအနောက်ဘက်က တောင်ကုန်းပေါ်မှာအိမ်ကလေးတွေအစီအရီ။ အဲဒါနဲ့ဘဲ တောင်ကုန်းလေးပေါ်ကို တက်ပြီးကြည့်လိုက်တော့နံနက်ခင်းနေရောင်အောက်မှာ အလွန်လှပတဲ့မြင်ကွင်းတွေကို တွေ့လိုက်ရပါတယ်။ လမ်းမှာ မူလတန်းကျောင်းလေးတစ်ခုကို တွေ့လို်က်တော့ ဒီကျောင်းမှာနေဘူးတဲ့ရွာသားတွေရှိနေရင်သတိရအောင် လက်ဆော့ခဲ့ပါသေးတယ်။ စိတ်တိုင်းကျဓါတ်ပုံတွေရိုက်ပြန်လာပြီးတဲ့အခါ တည်းခိုခန်းပြန်လာပြီးရေချုးိပါတယ်။ နောက်တည်းခိုးခန်းကနေဆင်းလာရင်း မုန့်စားဘို့ထွက်ခဲ့ပါတယ်. […]


          “ကောက်သင်းကောက်…………ပန်းတနော်”(အပိုင်းတစ်) (ရွာအလှူသွားရန်ပြင်ဆင်ခြင်းနဲ့ ပန်းတနော်ခရီးအစ)   မန်းဂေဇက်အလှူ ကို ပန်းတနော်မှာသွားလုပ်မယ်ဆိုတော့ ကျနော်လိုက်ချင်ပါတယ်။ အားလုံးကလဲ လိုက်စေချင်ကြတယ်ဆိုတာသိပါတယ်။ “လေးပေါက်လိုက်မှာလားလို့”မေးရင်လိုက်မယ်ဘဲဖြေခဲ့ပါတယ်။ သွားမယ့်နေ့က မေလတစ်ရက်နေ့ မေဒေးနေ့ဖြစ်ပါတယ်။ လိုက်ချင်လွန်းလို့သာလိုက်မယ်ပြောလိုက်တာ သင်္ကြန်နားနီးလေ အလုပ်ကများလေပါဘဲ။ မတ်လကတည်းက စပြင်ဆင်ရတဲ့ ဒီခရီးအတွက်တကယ်ရင်မောပါတယ်။ အလုပ်နဲ့သွားရမယ့်နေရာက တောင်ကြီး အောင်ပန်းဘက်က မသွားမဖြစ်။ သင်္ကြန်တွင်းမှာလဲ ရုံးပိတ်ပေမယ့် အရောင်းအဖွဲ့ရှိတော့ ဘယ်မှသွားမရ။ အဲတော့ သင်္ကြန်ပြီးတာနဲ့ရှမ်းပြည်တောင်ပိုင်းကိုပြေး။ နောက်မန်းလေးကိုပြန်မလာဘဲရန်ကုန်ကိုဆက်သွားပြီး ပန်းတနော်လိုက်ဘို့စီစဉ်ရပါတယ်။ အဲလိုသွားမယ်ဆိုတာကိုလဲ အလုပ်ထဲမှာ ခွင့်တောင်းထားပါတယ်။ ဒါနဲ့ဘဲ 24ရက်နေ့ညကားနဲ့တောင်ကြီးကိုသွား နောက်နေ့မနက်ရောက်တော့အလုပ်တွေလုပ်။ တောင်ကြီးမှာတစ်ညအိပ်။ 27ရက်နေ့အောင်ပန်းကူူး အလုပ်တွေအမြန်လုပ်။ ပြီးတော့ကလောကို သွားရင်း လွိုင်ကော်ဘက်အသွားလမ်းက မြင်းမထိသဘာဝလှိုဏ်ဂူကိုသွား။ 28ရက်နေ့ ပင်းဒယလှိုဏ်ဂူကိုသွား နေ့လည်ပိုင်းအလုပ်တွေဆက်လုပ်။ 29ရက်နေ့ညနေမှာတော့ မိုးထဲလေထဲကနေ […]