မန်းလေးကန်တော်ကြီးရယ် မူံပြပြ ရှမ်းရို်းမရယ် ကန်ပါတ်လယ်တောင်ဘက်မြောက်ဘက်မှာ အုံ့ပြပြ ရူ့ခင်းမရှင်းပေမဲ့လှတယ်ထင်လို့ပါ။


အလင်းရောင်ကောင်းကောင်းမရောက်နို်င်အောင် မိုးလေး ခပ်အုံ့အုံ့ဖြစ်နေတဲ့(15-7-2010)နေ့ မနက်ခင်းလေးမှာ ခပ်ဝေးဝေးကရှိနေတဲ့မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားနဲ့ တက်သေးအင်းခေါ်မန်းလေးကန်တောင်ကြီးမြောက်ဘက်ခြမ်းက မြင်ရတဲ့ ကြည်နူးစရာမြင်ကွင်လေးပါ။


တိမ်ပြာပြာအောက်က လှိုင်းကြက်ခွပ်လေးတွေထနေတဲ့ရေပြင် ဘေးမှာက စိမ်းလန်းသောသစ်ပင်လေးတွေနဲ့နားခိုစရာနေရာလေးတွေပေါ့။ မန်းလေးရောက်ရင် ဝင်ဖြစ်အောင်ဝင်ပါ။


မန်းလေးကန်တော်ကြီး(တက်သေးအင်း)ရဲ့ အရှေ့ မြောက်ဘက်ယွန်းယွန်းမှာ ဦးပွားဘုရား အာနန္ဒာဘုရား မဟာမုနိဘုရားကြီး တို့အစဉ်လိုက်ရှိနေပါတယ်။ အဲဒါကောင်းကင်ပြာအောက်ကန်ရေပြင်နဲ့ အဝေးကဖူးမျှော်စရာ ကြည်ညိုစရာကောင်းလွန်းလို့မျှဝေလိုက်ပါတယ်။ ကိုယ်တိုင်ရို်က်ထားတဲ့ပုံလေးတွေပါ။


ကန်တော်ကြီးအနောက်ဖက်ခြမ်းကနေကြည့်လိုက်ရင် လှပပြာမိူင်းသော ရှမ်းရိုးမတောင်တန်းကိုမြင်ရတာ ကြည်နူးစရာပါ။ ဒါကြောင့် မျှဝေပေးလိုက်ပါတယ်။


အရင်က တက်သေးအင်း အခုတော့မန်းလေးကန်တော်ကြီးပေါ့။ ဟိုအရင်က မန်းလေးကျုံးထဲက ကရဝိက် ကို အခုကန်တော်ကြီးထဲမှာ ပြောင်းလိုက်ပါတယ်။ မန်းလေးကိုလာ ရင် သာယာသော အပန်းဖြေစရာနေရာလေးပါ။ မန်းလေးကို ရောက်ရင် သွားဖြစ်အောင်သွားပါနော်။