pyaopyaomayJune 4, 20111min61
အစိုးရ ဝန်ထမ်းအချင်းချင်း အဲလို လုပ်စားတာတော့ မကောင်းဘူး ထင်ပါတယ်။ ပြောရမယ် ဆိုရင်တော့.. ဝန်ကြီးဌာန ၁ခုရဲ့လက်အောက်က ဌာနကြီး ၁တခုလို့ပြောရင်တော့ မမှားဘူးပေါ့နော်…။ ပန်းဆိုးတန်းလမ်းမကြီးမှာရှိတဲ့ ဆိပ်ကမ်းရုံးက ဌာနခွဲ၁ခုမှာဆိုရင်…အချင်းချင်းကိုလုပ်စားနေတာ…သူ့ကိုကြည့်တော့…ဌာနခွဲစာရေးကြီးတဲ့။ သူသာအရာရှိဖြစ်ရင် မတွေးဝင့်စရာဘဲ..။ အထက်ကအရာရှိတွေက သိကော သိရဲ့လား။ 0T ကြေး(အချိန်ပို)တွေတင် မဆင်းတဲ့….လူတွေနာမည်တွေထည့် ….ရတဲ့ပိုက်ဆံကိုယူ…လုပ်စားနေတာကြာပြီးဆိုတော့လည်း လုပ်ရဲတာပေါ့။(အခုဆိုရင်  ဘယ်လောက်ထိ လုပ်ရဲလည်ဆိုရင် အချိန်ပိုမဆင်းတဲ့ ဝန်ထမ်းတွေကို စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်တဲ့)ပြောရမယ်ဆိုရင် မျက်နှာဗြောင်တိုက်တာပေါ့။ အံ့ရော….အံ့ရောမထင်ရက်စရာ လူကိုကြည့်တော့ ဘုရား…ဘုရားတဲ့ လက်ကလုပ်ချင်ရာလုပ်နေတာလေ… ကျန်ဝန်ထမ်းတွေက ဘာမှမပြောဘူးဆိုတာ သူတို့က အဲဒီဌာနက..ဌာနမှူးအိမ်မှာနေနေတော့ သူတို့ပြောရင် ပြီးနေတော ့ တိုင်ကြားရင်လဲ မြည်သို့မှ ထူးခြားသွားမှာ မဟုတ်လို့ မပြောကြတာ ကျန်တဲ့ဝန်ထမ်းတွေက အားလုံးသိတယ်။သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကိုး ။ ယှဉ်ပြီး မပြောချင် […]


ငယ်ငယ်တုန်းက စားခဲ့ရတဲ့ အထဲမှာ သိပ်သဘောကျတဲ့ အစားအစာထဲမှာ တရုပ်မုန့်ဖြစ်တဲ့ပေါက်စီလဲပါ ပါတယ်။ ဒီပေါက်စီကို အမှတ်တရဖြစ်စေတဲ့အကြောင်းက တော့ မြန်မာပြည်မှာ ပြည်သူပိုင်သိမ်းလိုက်တဲ့အခါမှာ စာသင်ကျောင်းတွေလဲပါပါတယ်။ အရင်ကလမ်း 80 (32-33)လမ်းကြားမှာ အိုဗာစီးကျောင်းလို့ ခေါ်တဲ့ တရုပ်လူမျိုးတွေအများဆုံးနေတဲ့ကျောင်းလေးတစ်ကျောင်းရှိပါတယ်။ အဲဒီအချိန်တုံးက အိုဗာစီးကျောင်းမှာ မြန်မာတွေမနေပါဘူး မြန်မာပြည်ပေါက် တရုပ်တွေဘဲအနေများပါတယ်။ (နောက်တော့ အောင်နန်းကျောင်းလို့ပြောင်းခေါ်ပါတယ် အခုအခါမှာတော့ အမှတ်(18)အထက်တန်းကျောင်းဖြစ်နေပါပြီ။) ကျနော်ဦးလေးတစ်ယောက်က ဖြစ်ချင်တော့ အဲဒီကျောင်းကိုပြောင်းပြီးတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီကျောင်းဝင်းရဲ့ တောင်ဘက်ခြမ်းက တန်းလျားမှာ ကျနော့်ဦးလေးကို အိမ်ခန်းပေးထားတော့ ကျောင်းထဲမှာဘဲနေရတာပေါ့။ ကျနော်က ကျောင်းမနေသေးတဲ့အရွယ်လဲဖြစ်ပြန် အိမ်ထောင်ကျခါစ ဦးလေးနဲ့ အဒေါ်ကလဲ ကျနော်ကို သူတို့ အိမ်ခေါ်ထားပါတယ်။ နေ့ဆိုရင်ကျောင်းက ဝန်ထမ်းတွေရဲ့ သားသမီးတွေနဲ့ ဆော့ရတာပေါ့။ ဒါပေမယ့် ကျနော်ကြာကြာမနေနိုင်ပါဘူး။အဖွားက အကျင့်လုပ်ပေးထားတော့ ကျနော်က အစားမက်တယ် ။ […]


ကျနော်တို.အလုပ်မှာက မိန်းကလေးရောယောက်ျားလေး ရော လူတော်တော်များများရှိပါတယ်။ နောက်တချက်က ကျနော်က အရောင်းသမားတစ်ယောက်လည်းဖြစ်တဲ.အတွက် နေရာတော်တော်များများကိုရောက်ပါတယ်။ သည်တော.လူတော်တော်များများနဲ.တွေ.ရပါတယ်။ အထူးသဖြင်.လူငယ်လေးတွေနဲ.က အဖွဲ.ကျပါတယ်။ ကျနော်ကအချိန်ရတယ်ဆိုရင် ဒီကလေးတွေနဲ.ပေါ.ပေါ.ပါးပါးစကားပြောကြည်.တဲ.အခါ သူတို.လေးတွေရဲ.ရင်ထဲမှာရှိနေတဲ.သိမ်းထားရတဲ.ဘဝပုံပြင်လေးတွေကိုသိလာရပါတယ်။ မဝင်းမာ ဆိုတဲ.ကလေးမလေးက တော. စကားလည်းနည်းအေးလည်း အတော်အေးပါတယ်။ မေးမှပြောတတ်တဲ. သူမျိုးပါ. တစ်ရက်အားတဲ.အချိန်စကားပြောနေရင်း ” ဝင်းမာ ညည်းကရော အရင်အလုပ်က ဘာလို.ထွက်လာလဲ ” လို.မေးတော. ” လေးလေးရေ ထွက်ချင်လို.ထွက်ခဲ.တာ မဟုတ်ပါဘူး ထွက်အောင်ဖန်တီးလို.ပါ ခုခေတ်ကြီးထဲမှာ ရပြီးသားနေရာလေးကို စွန်.ဘို.ဆိုတာလွယ်တာမှမဟုတ်တာ ” မဝင်းမာ အရင်လုပ်ခဲ.တဲ.နေရာမှာ 7နှစ်ကျော်ကျော်လောက်လုပ်ခဲ.တာပါ။ သူတို.အလုပ်က လခပေးပုံက သူများနဲ.မတူပါဘူး။ သူစဝင်ဝင်ချင်းလစာ ကျပ်နှစ်သောင်းစရပါတယ်။ တစ်လကိုလခက တစ်ထောင်လတိုင်းတိုးပေးပါတယ်။ အလုပ်ကတော.ပိတ်ရက်မရှိပါဘူး။ တစ်လမှာ သုံးရက်ကျော်ပြီးအလုပ်ပျက်တယ်ဆိုရင်အဲသည်လအတွက်တစ်ထောင်တိုးမပေးပါဘူး။ အလုပ်ချိန်ကတော.မနက်8း30ကနေ ညနေ အလုပ်မပြီးမချင်းဆိုပါတော.။ ဒါပေမဲ.သူလုပ်သက်တစ်လျှောက် […]


တစ်နေ.အလုပ်သွားဘို.အိမ်ကထွက်အလာ မန်းလေးစစ်ကိုင်းလမ်းက “ဘိုအိမ်”လို.ကားသမားတွေနာမယ်ပေးထားတဲ.လမ်းထိပ်ကနေပြီး ဆိုင်ကယ်တွေ၊မော်တော်ကားတွေကို ယာဉ်ထိန်းနဲ.တာဝန်ရှိတဲ. အဖွဲ.တွေက ပူးပေါင်းပြီး စစ်ဆေးနေတာကိုတွေ.လိုက်ရပါတယ်။ မနက်(8)နာရီ ပါတ်ဝန်းကျင်ဆိုတောာ.အလုပ်သွားတဲ.လူတွေ ကျောင်းသွားတဲ.ကလေးတွေနဲ. အရမ်းကို အသွားအလာများ တဲ.အချိန်ကလေးပါ ။ သူတို.စစ်ဆေးရေးလုပ်နေတဲ. ပလက်ဖောင်းဘေးနားက စားပွဲခုံလေးမှာ လူတွေအများကြီးဝိုင်းအုံနေတာဘာများပါလဲလို.စပ်စုလိုက်တော. ဒဏ်ငွေဆောင်ရမဲ.သူတွေပါတဲ.။ မစည်ကားအပ်တယ်ဆိုတဲ. အရပ်ထဲမှာနောက်တိုးအနေနဲ.စည်းကမ်းဖောက်လို.ဒါဏ်ငွေဆောင်ရတဲ.နေရာကိုထပ်တိုးလိုက်ချင်ပါတယ်။ တစ်ခါတရံသတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ. သူတွေကိုဒဏ်တပ်တာ နိုင်ငံတော်ဘဏ္ထာ ဘယ်လောက်ကောက်ခံရတယ်ဆိုတာတွေကိုဖတ်ရတဲ.အခါ ဒဏ်ငွေများများရလေလေ ကျနော်တို.လူမျုးိတွေ စည်းကမ်းမဲ.လေလေလို.ကောက်ချက်ချမိပါတယ်။ အထူးသဖြင်.တရုပ်က ခိုးဝင်လာတဲ.မော်တော်ဆိုင်ကယ်တွေ ကို တရားဝင်အောင် လက်ခံပြီးတဲ.အချိန် ကျနော်တို.မန်းလေးမှာ ဆိုင်ကယ်ဦးရေ အများကြီးတိုးလာပါတယ်။ အရင်က ဆိုင်ကယ်ဆိုတာ တော်ရုံတန်ရုံမိသားစု မစီးနိုင်ရာကနေ အိမ်တိုင်းမှာဆိုင်ကယ်ရှိသည်အထိတိုးတက်လို.လာပါတယ်။ ဆိုင်ကယ်တွေဈေးပေါလာတယ် ဆိုတော.မိဘများကလဲ အရွယ်မရောက်သေးတဲ.ကလေးတွေက တက်ခွလို.နေရင်တောင် မတားတဲ.အပြင် ငါ.သားလေးတော်လိုက်တာ ငယ်ငယ်လေးနဲ.ဆိုင်ကယ်တောင်စီးတတ်နေပြီဆိုပြီးဝမ်းသာဂုဏ်ယူလို.နေပါတယ်။ ဆိုင်ကယ်တွေပေါလာတော.စီးတဲ.သူပေါလာပါတယ် ။ မော်တော်ဆိုင်ကယ်စီးဘို.လိုတဲ.လူလိုင်စင်ကလဲလုပ်ရတာလွယ်မှလွယ်။ လုပ်ရတာသာလွယ်တာ မော်တော်.ယာဉ် […]


ကျနော်တို.သူငယ်ချင်းထဲမှာ ကိုကိုကြီး ဆိုတဲ.သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ.ကိုကျနော်တို.က “ကိုခိုငြီး” လို.ခေါ်ကြပါတယ်။ ဘာလို.လဲဆိုတော. သူရောက်လာပြီဆိုတာနဲ. ” ခက်တယ်ကွာ “ဆိုတဲ.စကားလေးကိုစပြီဆိုရင် ” သူ.သားလေးတွေ အတန်းထဲမှ ပထမ မရတာ “တို. ” သူ.ရောင်းထားတဲ.ဘိနပ်ဘိုးတွေ အကြွေးတောင်းလို.မရတာ”တို. “တရုပ်ဘက်က ဈေးပေါပေါနဲ.ပုံလှလှလေးတွေဝင်လာတော.သူထုတ်လုပ်တဲ.ဘိနပ်တွေ အရင်ကလောက်မရောင်းရတာ”တို. ” တဖြည်းဖြည်းနဲ.ငွေရှာရတာ ခက်လာပြီ”တို. ” သူ.မိန်းမ အမျုးိတွေ သူ.ဘက်က အမျိုးတွေက သူ.အိမ်ကို အလှူအိမ်လိုသဘောထားပြီး လာစားသောက်နေကြတာ”တို.ပေါ.ဗျာ။ သူ.မှာဘယ်လိုအဆင်မပြေတာတွေ စိတ်ညစ်ရတာတွေကို တနေ.တမျုးိမရိုးရအောင် ခရားရေလွှတ်ပြောတော.တာပါဘဲ။ သူကတော. အကျင်.ပါနေလို. ပြောတယ် ကျနော်တို.ကလည်း သူပြောတာကို ဒီဘက်ကဝင်ပြီး ဟိုဘက်တောင်မရောက်ဘူး ဒီဘက်ကပြန်ထုတ်လိုက်တယ်။ သူပြောသမျှကိုဟာသလိုသဘောထားကြပါတယ်။ ဘာလို.လဲဆိုတော. သူ.မှာ နောက်ဆုံးပေါ်ကားရှိတယ် ၊ လိမ္မာတဲ.ပညာတတ်သားသမီးတွေရှိတယ် တော်တဲ.ဇနီးလဲရှိတယ်၊ တိုက်ရှိတယ် လူမနေဘဲဝယ်ထားတဲ.ခြံတွေလဲ […]


သည်နှစ် 2010 ခုနှစ် သင်္ကြန်မှာ ကျနော်တို. လုပ်ငန်းကနေပြီး ကိုယ်စားလှယ်ရထားတဲ. စီးကရက်တံဆိပ်အသစ်တစ်ခုကို ကြော်ငြာတဲ.သဘော ဒါမှမဟုတ် လူသိအောင်လုပ်တဲ.အနေနဲ. သင်္ကြန်မဏ္ဍပ်ကတစ်ခုခုကနေပြီးရေပက်ခံထွက်တဲ.လူတွေကို ကြဲမယ်စီးကရက်တံဆိပ်ရို်က်ထားတဲ.တီရှပ်တွေကိုလဲကြဲမယ် လို.လူကြီးတွေကတာဝန်ပေးတဲ.အတွက် မဏ္ဍပ်တစ်ခုနဲ.ဆက်သွယ်ပြီးစပွန်စာပေးခွင်.ရဘို.လိုက်လုပ်ရပါတယ်။ စပွန်ဆာပေးရမဲ့ မဏ္ဍပ်ကိုရပြီဆိုတော. သည်မဏ္ဍပ်မှာပုံတွေတင်ချိတ်ဘို.အတွက် ဒီဇို်င်းတွေလုပ်ဘို. ဓါတ်ပုံတွေရိုက် ပုံကြမ်းတွေကိုဆွဲ ် ဗွီနိင်းတွေ အပ်ဘို.ဗွီနိင်းလုပ်တဲ.ဆိုင်ကိုသွား ကွန်ပြူတာ ပညာသည်လေးတွေနဲ.တိုင်ပင် လိုချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကိုပြောနဲ.တော်တော်လေး အလုပ်ရှုပ်သွားပါတယ်။ နောက်တီရှပ်တွေကိုလည်းတံဆိပ်ရို်က်ဘို. စီစဉ် တစ်ရက်ထဲနဲ.သည်အလုပ်ကပြီးသွားပါတယ်။ သည်အလုပ်တွေပြီးလို.လက်ဖက်ရည်ဆိုင်ဝင်ထိုင်နေတုန်းလမ်းပေါ်မှာ စက်ဘီး စီးသွားတဲ.အသိတစ်ယောက်ကိုတွေ.လိုက်ရပါတယ်။ သူကတော. ကျနော်.ကိုမမြင်ပါဘူး ။ သူကတော.ဟိုအရင်တုံးက သင်္ကြန်ရောက်ပြီဆိုရင် သူ.ကိုလမ်းပေါ်တွေ.ဘို.ဝေလာဝေးပါ။ မဏ္ဍပ်ရှင်တွေချော.နေခနေရတဲ. ပန်းချီဆရာလေးပါ။ အရင်တုန်းကသည်လိုသင်္ကြန်အချိန်ရောက်လို.မဏ္ဍပ်ကိုအလှဆင်မယ်ဆိုရင်ပန်းချီဆရာတွေကိုလို်က်လို. ငှားရပါတယ်။ မရောက်ခင်တစ်လလောက်က ကြိုလို.စီစဉ်ရပါတယ်။ သူတို.ကိုကို်ယ်လိုချင်တာလေးတွေပြောပြရပါတယ်။ ဒါပေမဲ.ကိုယ်ကသာလောနေတာ သူတို.ကတော.အေးဆေးပါ။ ကျနော်ကသိပ်လောရင် သူပြန်ဖြေတာ ကတော. ” ငါ.ကောင် […]


ကျွန်တော်တို. လူတွေမှာ နေ.စဉ် စားဝတ်နေရေးအတွက် ပဲလုံးပန်းနေကြရပါတယ်။ သည်တော.လဲ တစ်နေ.တစ်နေ. ကိုယ်ထင်သလိုဖြစ်မလာတဲ.အခါတို.၊ လိုအပ်ချက်တွေသိပ်များလာတဲ.အခါတို.မှာ သိပ်ကိုစိတ်ပင်ပန်းရကြပါတယ်။ စိတ်ပင်ပန်းမှတော. လူလဲဘယ်လန်းတော.မလဲပေါ.နော်။ ဒီအခါမှာ ကိုယ်.ရဲ.ပင်ပန်းနွမ်းနယ်မူ.တွေကို ဖြေဖျောက်ဘို.နည်းလမ်းတွေ ရှာကြရတော.တာပေါ.။ ကျွန်တော်ကတော. ကြားဘူးတဲ. ဒီအဖြစ်အပျက်ကလေးထဲက ဖြေရှင်းနည်းကိုသိပ်သဘောကျပါတယ်။ ဒီအတွေးအခေါ်က လုံးဝပြည်.စုံတယ် မှန်ကန်တယ်လို.တော.မဆိုလိုပါဘူး။ ဟိုအရင်တုန်းကပေါ.ဗျာ။ ုဆိုရှယ်လစ်စနစ် အရမ်းကိုထွန်းကားတဲ. ရပ်ရှာပြည်မှာပါ။ ွှအဲသည်ခေတ်တုန်းးက လူတိုင်းဟာအထက်က ပါတီဗဟိုကော်မီတီဗျူရိုက သတ်မှတ်ပေးတဲ. ခွဲတမ်းစနစ်နဲ. ဘဲ အသက်ရှင်ကြရပါတယ်။ လူတိုင်းလူတိုင်းဟာ နိုင်ငံတော်အတွက် အလုပ် လုပ် နိုင်ငံတော်က နေစရာ စားစရာတွေကို ဖန်တီးပေးတာပေါ.ဗျာ။ အဆင်မပြေရင်တော.တင်ပြပေါ.။ မော်စကို နဲ.မနီးမဝေးမှာ ရှိတဲ. ဘုုုုုုံလယ်ယာ မြေစခန်းမှာ အီဗန်ဆိုတဲ. လူတစ်ယောက်ရှိပါတယ်။ ူသူကလုပ်ငန်းခွင်အပြီး မှာ အပေါင်းအသင်းတွေနဲ.ဆုံရင် သူ.အခက်အခဲတွေကို နေ.စဉ်နဲ.အမျှခိုညည်းသလိုညည်းပါတယ်။ […]


သည်သီချင်းစာသားလေးက ဆိုင်မောဝ်ရဲ. သီချင်းထဲကစာသားလေးပါ။ သိပ်ကိုခံစားရတဲ. စာသားလေးပါ၊ အချစ်ကြီးပြီးမှ မုန်းသွားကြတဲ.သူတွေရဲ. ရင်နာစရာအဖြစ်ပေါ.လေ။ အပျိုလူပျိုတွေချစ်ပြီးမုန်းတာတော. ဘာဆန်းသလဲဗျာ။ သူတို.နှစ်ယောက်ထဲ အသဲကွဲတာဘဲဥစ္စာ ခုခေတ်မှာ ရင်ကွဲနာကျလို. ဘဝပြောင်းတယ်ဆိုတာ မကြားဘူးတော.ပါဘူး။ ဒါပေမဲ. သားသမီးများ ပွားစည်းထားကြတဲ. အိမ်ထောင်သည်တွေ ခွဲခွာကြရင်တော.နောက်တွဲဆွဲလဲလေးတွေမှာ မိဘတွေ.ရဲ. အကွဲအပြဲကြောင်.ဖြစ်လာတဲ.နောက်ဆက်တွဲတွေကို အမွေဆက်ခံ ကြရတော.တာပေါ.။ တစ်နေ.ကလမ်းမှာ ငယ်ငယ်က ကျွန်တော် လက်ပေါ်မှာကြီးပြင်းလာခဲ.တဲ. ကလေးကလေးကိုတွေ.လိုက်ရလို. ဒီအကြောင်းအရာလေးကိုတင်ပြလိုက်တာပါ။ ဒီကလေးမလေးက ငယ်ငယ်က အတော်ကို သွက်လက်တဲ. ရွှင်မြူးနေတဲ. အမြဲပြုံးနေတဲ. ကလေးမလေးပါ။ ဉာဏ်လဲအတော်ထက်ပါတယ်။လိမ်မာ ယဉ်ကျေးတဲ. ကလေးလေးပါ။ အခုမတွေ.တဲ.နှစ်အတောအတွင်းမှာ အတော်ကိုပြောင်းလဲသွားတယ်။ သူ.မှာ ဘာခံစားချက်မှမရှိတဲ. မျက်နှာပေးလေးဖြစ်နေပါတယ်။ ဒါပေမဲ့မျက်နှာအမူအရာကလေးက ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ.မထီတရီပုံလည်းပေါက်နေပါတယ်။ ကျွန်တော်မိတ်ဆွေ (မိတ်ဆွေလို.သုံးရတာက သူတို.စုံတွဲက ကျွန်တော်ထက်ငယ်လို.ပါ) သူ.မိဘနှစ်ပါးက လမ်းခွဲလိုက်ကြလို.ပါ။ မိဘတွေလမ်းခွဲလို. […]


တစ်ခါက ဆို ဟိုးရှေးရှေးကပေါ.နော်။ လူသူနည်းနည်းဝေးတဲ. တောအုပ်ကလေးနားမှာရှိတဲ. ကျောင်းသင်္ခန်းလေးမှာ ရဟန်းတစ်ပါး ဟာ တရားဓမ္မဆောက်တည်လို.တစ်ပါးတည်းသီတင်းသုံးနေပါသတဲ.။ တစ်နေ.တော. သည်ကျောင်းလေးနားကို ပြည်.တန်ဆာမ တစ်ယောက်က မလှမ်းမကမ်းမှာလာနေပါသတဲ.။ အစက အေးအေးဆေးဆေးရှိသောနေရာလေးဟာ ရုတ်တရက် ဆူညံစည်ကားလို.လာပါလေရော။ အဲဒီအချိန်မှာ ရဟန်းကြီးလဲစိတ်တွေညစ်သွားတော.တာပါဘဲ။ တစ်ရက်တစ်ရက်လာလိုက်တဲ.လူတွေ အများကြီးကို။ ဒါနဲ.ပဲ ရဟန်းကြီးမှာဒီလိုစိတ်ကူးတစ်ခုရလာပါသတဲ.။ “ဒီတကာမလေးမှာ အကုသိုလ်တွေ များလို.များမှန်းမသိတော.ဖြစ်နေပြီ သူတနေ.ထက် တနေ.အကုသိုလ် ဘယ်လောက်များတယ်ဆိုတာ သိအောင်ပြမှဖြစ်မယ် ” ဒီစိတ်ကူးရတဲ.နေ.ကစလို.အဲဒီအိမ်ကို လူတစ်ယောက်ဝင်သွားရင်ရဟန်းက သူ.ကျောင်းဝင်းထရံနားဘေးမှာခဲလုံး တစ်လုံး ချလိုက်ပါသတ.ဲ။ ဒီလိုနဲ.လေးငါးခြောက်လ ကြာလာတော. ကျောင်းဝင်းထရံမှာ ခဲလုံးတွေအတော်လေးကိုများလာပါသတဲ.။ တစ်ရက် တိုက်ဆိုင်ချင်တော.ရဟန်းကကျောင်းရှေ.မှာထွက်လာတဲ.အခို်က် ပြည်.တန်ဆာလုပ်တဲ.မိန်းကလေးကလည်းသူ.အိမ်အပြင်ဘက်ကိုထွက်လာတာနဲ.ဆုံပါသတဲ.။ အဲဒီမှာ ရဟန်းကြီးက မိ်န်းကလေးကို လှမ်းခေါ်လိုက်ပါသတဲ.။ မိန်းကလေး အနားကိုရောက်လာတော. “ကြည်.စမ်းပါ ဒီခဲလုံးတွေက မင်းဆီကို လူတယောက်လာရင် တစလုံးချထားတာ။ဒီခဲလုံးများလေလေ […]


သည်ဇာတ်လမ်းမှာ တော. ကျွန်တော်ကလည်းဇာတ်ရံအဖြစ်ပါ ဝင်ပါတယ်။ ကျွန်တော်သူငယ်ချင်းရဲ.အကိုက ပွဲကန်ထရိုက်လုပ်ပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်ရဲ.ယောက်ဖက တေးသံသွင်းဆိုင်ထောင်တားပါတယ်။ ကျွန်တော်က သီချင်းဝါသနာရှင်ပါ။ သီချင်းတော်တော်များများကို သိသလို ဘယ်သီချင်းဆိုလူကြိုက်လောက်မယ်ဆိုတာကိုလဲ ရွေးတတ်တယ်။ ဒီတော. ကျွန်တော်က တေးရွေးဆရာအဖြစ်ပါဝင်ပါတယ်။ ကျွန်တော်က သီချင်းအဟောင်းကောင်းတာလေးတွေ တို. ၊လူအကြိုက်များတဲ.သီချင်းလေးတွေတို.၊ နောက်ပြီးကောင်းရဲ.သားနဲ.အကြောင်းအမျိုးမျိုးကြောင်.ပျောက်နေတယ်သီချင်းလေးတွေကို စာရင်းပြုစုပြီး ဘယ်သီချင်းကိုတော. ဘယ်သူ.ကိုပြန်ဆိုခိုင်း ဟိုဟာလေးကတော. ဘယ်သူနဲ.လိုက်တယ်ဆိုပြီး ရွေးပေး ပါတယ်။ သူတို.နှစ်ယောက်က သီချင်းအဟောင်းကောင်းတာလေးတွေကို အဆိုတော်နာမယ်ကြီးတွေနဲ. ပြန်ဆိုဘို.စီစဉ်ကြတယ်လေ။ ကက်ဆက်ခွေတွေ ခေတ်ကောင်းတဲ.ကာဗာကဒ်စနစ်နဲ.ဖြန်.တဲ.ခေတ်တုံးက ဖြစ်ခဲ.တာပါ။ တစ်ယောက်က ကာဗာကဒ်ရိုက်တာ တို. ဖြန်.ချီရေးတို.ကိုတာဝန်ယူတယ်။ နောက်တစ်ယောက်ကတော. အဆိုတော်တွေနဲ.ပါတ်သက်တာ သီချင်းဝယ်တာ အသံသွင်းတာ စသည်ဖြင်.ကို သီချင်းခွေပြီးတဲ.အထိတာဝန်ယူမယ်ပေါ. ကုန်ကျစရိတ်ကိုလည်းတစ်ဝက်စီ မြတ်ရင်လဲတစ်ဝက်စီပေါ.။ အဲတော. တစ်ယောက် က ရန်ကုန်နဲ.မန်းလေးကိုသွားလိုက်ပြန်လိုက်ပေါ.။ စစချင်းထုတ်လိုက်တဲ. ပထမအခွေက ပေါက်သွားတယ်ပေါ.။ […]


တစ်နေ. မှာ ကျွန်တော်သူငယ်ချင်းအေးမောင်က စကားပြောစရာရှိတယ်ဆိုပြီး မနက်စောစောလက်ဘက်ရည်ဆိုင်ကိုဖုန်းနဲ.လှမ်းချိန်းပါတယ်။ ကျွန်တော်တို.ဆုံနေကြ 34-35ကြား 85လမ်းက မင်းသီဟကို ကျွန်တော်က မနက်(8)နာရီလောက်မှာရောက်နေပါတယ်။ ခဏနေတော. အေးမောင် အမောတကောနဲ.ရောက်လာလာချင်း “ကိုပေါက် မင်းကောင်လုပ်ပုံက မဟုတ်ဘူး “ဆိုပြီး ပြောပါတယ်။ ကျွန်တော်ကလည်းစိတ်ပေါက်ပေါက်နဲ.” မင်းသမီးကိုငါ.သားက ခိုးပြေးသွားလို.လား”လို.စိတ်ပေါက်ပေါက်နဲ.ပြန်မေးလိုက်ပါတယ်။ နောက်မှ ” ကဲ ထိုင် ဘာစားမှာလဲမှာ ပြီးမှ ငါ.ကိုအေးအေးဆေးဆေး ဘာဖြစ်လာသလဲဆိုတာကိုပြောပြ”ဆိုပြီးသူကို.ထိုင်ခိုင်းလိုက်ပါတယ်။ သူက ” မင်းကောင် မြင်.ဇော် လေကွာ ငါ.ကို ကိုယ်စားလှယ်ပေးထားတဲ. သူ.ဆေးပေါ.လိပ်ကိစ္စပေါ.ကွာ” “ဘာလဲ သူက အခုမင်းကိုမပေးတော.လို.လား “လို.မေးတော. “ငါ.ကိုမေပေးတာမဟုတ်ဘူးဟေ. ်သူများတွေကိုပါရောင်းပေးနေတာ “လို.ဒေါကြီးမောကြီးနဲ.ပြောပါတယ်နောက်ဆက်ပြီး “မင်းလဲသိပါတယ်ကွာ သူ.ဆေးလိပ် စဖြန်.မယ်ဆိုတုံးက ငါအစအဆုံး အကြံတွေပေး ငါ.ဖောက်သည်တွေဆီ အတင်းထည်.ပြီးရောင်းခိုင်း ပိုက်ဆံဆိုရင်လဲ အကြွေးအကြာကြီးထားပေး ဒါတွေက […]


တစ်နေ.မှာ မြန်မာ.အသံက စနေနေ.တိုင်းလာနေကြ မီးနီလင်းတဲ.သီချင်းအဆိုပြိုင်ပွဲလေးမှာ ကောင်လေးတစ်ယောက်က “ငါဝအောင်ငိုမယ် “ဆိုတဲ.သီချင်းကောင်းလေးကို ဆိုသွားပါတယ်။ နောက်နေ.ရုံးရောက်တော. ကလေးတွေဖွင်.ထားတဲ.သီချင်းလေးကလဲ ဒီသီချင်းလေး ဖြစ်နေပါတယ်။ တိုက်ဆိုင်ချင်တော. ငှားဖတ်တဲ.မဂ္ဂဇင်းထဲမှာလဲ ညွှန်းသူအကြိုက်ဆုံးသီချင်းလေးကလဲ ဒီသီချင်းလေးဖြစ်နေပါတယ်။ “ငါဝအောင်ငိုမယ် “ဆိုတဲ.စာသားလေးကိုထပ်ခါထပ်ခါ ကြားလာရတဲ.အခါမှာ ကျွန်တော.အတွေးထဲမှာတော. “ဝအောင်ပြောမယ် “ဆိုတာလေးက ပဲ.တင်ထပ်လာပါတယ်။ ကျွန်တော်တို.မြန်မာနိုင်ငံမှာနေကြတဲ.သူတိုင်းမှာ တူညီတဲ.အချက်ကတော. လွန်ကဲစွာအားနာတတ်ခြင်းပါဘဲ။ တစ်ယောက်နဲ.တစ်ယောက် အကြောင်းကိစ္စရှိလို.ပြောရတော.မယ်ဆိုရင် “ငါဒီလိုပြောလိုက်ရင် သူစိတ်များဆိုးသွားမလား” “ငါဒီလိုပြောရင် ရိုင်းများသွားမလား “ဆိုပြီးကြိုတင်လို.အားနာတတ်ကြပါတယ်။ ဒါကြောင်.လဲ အလုပ်ကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်ကြတဲ.အခါမှ လုပ်ငန်းမစခင်က သေသေချာချာ ပြတ်ပြတ်သားသား မပြောတတ်ကြပါဘူး ။ ပြီးစလွယ်ဘဲ “ငါနဲ.မင်းက ပြောနေရမယ်.သူတွေမှ မဟုတ်တာတို.” “ကြည်.လုပ်လိုက်တာပေါ. “ဆိုတာတွေနဲ.ဘဲ အလုပ်နဲ.လူမူ.ရေးကိုရောထွေးပြီးလုပ်ကိုင်တတ်ကြပါတယ်။ နောက်လက်တွဲတာကြာလာလို. လုပ်ငန်းပိုင်းမှာ အဆင်မပြေတာတွေ.လာတဲ.အခါမှာ လမ်းခွဲကြတာတွေ မကြည်.ချင်လောက်အောင်မုန်းကုန်တာတွေသတင်းစာထဲမှာ အပြန်အလှန်နဲ.ထည်.ကြတာတွေ ဖြစ်ပြီးလမ်းဆုံးကို […]