ကြောင်လေးOctober 11, 20111min1038
ကျွန်တော်တို့ဌာနေမှာ  အိန္ဒြာနန့်  ဆိုတဲ့အမျိုးသမီးနဲ့ဆက်ဆံရတာ တော်တော် အဆင်မပြေပါဘူး။ ဒီအမျိုးသမီးဟာ သူ့နာမည်က နာမည်ကြီးမင်းသမီးတစ်ယောက်နဲ့ ခပ်ဆင်ဆင်ဆိုတော့ ဘဝင်ကြီးတခွဲသားနဲ့။ အကြောင်းရှိလို့သူ့ကိုသွားဆက်ဆံလိုက်ရင် မတူသလို မတန်သလို၊ပြန်ပြောချင်သလို မပြောချင်သလိုနဲ့ ၊လေးတိလေးကန် ပျင်းရိပျင်းတွဲနဲ့ပါ။ တခါတလေ အတော်ဒေါကန်စရာကောင်းပါတယ်။  ဒါပေမဲ့လည်း မဆက်ဆံလို့ကလည်းမဖြစ်လေတော့ မချစ်သော်လည်းအောင့်ကာနမ်းရတာပေါ့။ နာမည်နဲ့လို်က်အောင်လည်း ပျံတန်တန်နန့်တန့်တန့်ပါ။လူတွေကသာသူနဲ့မဆက်ဆံရင်မဖြစ်တော့တဲ့သဘော၊သူနဲ့ဆက်ဆံမှအရာရာအဆင်ပြေနိုင်မယ်လို့ ပြောနေကြတာပါ၊ တကယ်တော့လည်းခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပါဘူးဗျာ။  သူဆီကရတဲ့သတင်းတွေက ဟုတ်တာတွေပါသလို မဟုတ်တာတွေလည်း အတော်ပါတာပဲ။ တချို့ကိစ္စတွေဟာ ထင်ရာမြင်ရာတွေ့ကရာစွတ်ပြောတဲ့ဟာတွေပါ။ ဟိုလူဒီလူကပြောတဲ့မတိကျတဲ့သတင်းတွေလည်းပြန်ဖောက်သယ်ချပြန်တာပဲ။ သူ့ဆီက သိရသမျှအကုန် အတည်အဖြစ်သတ်မှတ်ပြီး  လျှေက်လုပ်လို့ကတော့ ငါးပါးမှောကရုံတင်မကပါဘူး၊ သံဃာစင်ပါဇောက်ထိုးဖြစ်သွားနိုင်ပါတယ်။ ဟုတ်တဲ့သတင်းတွေ မြင်ရတော့လည်းအတော်တန်ဘိုးရှိတာဗျ။ ကောင်းတာက သူ့ဆီမှာ အခြားဗဟုသုတရစရာတွေကလည်းအများသားကလား၊ ကျွန်တော်တို့ကိုယ်တုိုင်မသိနိုင်တာတွေ ကိုသူ့ဆီမှာမေးလို့စမ်းလို့ရနေတာကိုးဗျ။ လူအများပြောသလိုပါပဲ၊  သူနဲ့ မဆက်ဆံလို့ကမဖြစ်ပြန်ဘူးလေ၊ သူနဲ့ဆက်ဆံရင် ဒူးရင်းသီးတို့  ပိန္နဲသီးတို့စားသလိုဆက်ဆံရမယ်၊ အပေါ်ယံကမကောင်းတဲ့အဆူးတွေကိုအရင်ဖယ်၊ကောင်းတဲ့အတွင်းသားတွေနှိုက်စားမှဖြစ်မယ်။ အဲ နှိုက်စားမယ်သာပြောတာ […]