မြသဲ ( 17082011 )March 30, 20121min17418
အခုလက်ရှိမြန်မာနိုင်ငံမှာ စာအုပ်ကြီးအတိုင်းလုပ်တာ သိပ်မရှိတော့ဘူးလို့ထင်ပါတယ်။ လုံးဝမရှိတော့ဘူးလို့တောင် ယူဆရမလိုဖြစ်နေပါတယ်။ ဘယ်ရုံးဋ္ဌာန ကိုပဲသွား သွား အစ်ကိုရယ် အစ်မရယ် ကြည့်လုပ်ပေးပါဆိုရင် အားလုံးအဆင်ပြေအောင် ကြည့်လုပ်သွားတော့တာပဲ။ ကိုယ်တွေကလဲ သူတို့ကိုကြည့်လုပ်ပေးရသပေါ့။ ရုံးပိုင်းဆိုင် ရာ ထုပ်ပြန်ထားတဲ့စည်းကမ်းဆိုတာကလဲ နံရံပေါ်မှာပဲရှိတော့တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒီလထဲမှာပဲဖြစ်သွားတဲ့ မလိုအပ်တဲ့ နေရာမှာ စာအုပ်ကြီးအတိုင်း လုပ်ခံလိုက် ရတဲ့ အဖြစ်ကို ပြောပြချင်သွားတယ်။ ဟိုတနေ့ကမှ အစ်ကိုဆုံးသွားတဲ့မိတ်ဆွေတယောက်ရဲ့ တယောက် အကြောင်းပါ။ သူ့အစ်ကိုက ကင်ဆာနောက်ဆုံးဆင့်ပေါ့။ မရနိုင်တော့လို့မိသားစုက အိမ်ပြန်ခေါ်ထား တာ။ ဒါပေမဲ့ မဆုံးခင် ၁ လလောက်အလိုမှာ ဆီးမသွားနိုင်တော့ပါဘူး။ အိမ်နားက ဆရာဝန်ခေါ်တော့လဲသူက ဆေးရုံပဲ လွှတ်တယ်။ ဆီးပိုက်ထဲ့လို့လဲမရတော့လို့ပေါ့။ ဒါနဲ့ လူနာကလဲ ကင်ဆာကြောင့်ကိုက်တာရော ဆီးမသွားနိုင်လို့ ခံရတာရောနဲ့ ပျော့နေပြီပေါ့။ အဲဒါနဲ့မိသားစုကလဲ ရန်ကုန်ဆေးရုံကြီးအရေးပေါ် […]