အာဂMay 22, 20121min46219
လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည် Yangon Press International, 22May 2012 — ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။ “ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအဝင် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈ဝ နဲ့ ၁၀ဝ လောက်ရရင်စလှုပ်ရှားမယ်။ […]