IMG_08771-600x450.jpg

yaungchikhaAugust 3, 20112min27327
ကျမ ကလေးမြို့ကို သွားရမယ်ဆိုတုန်းကတော့ အရမ်းဝေးလွန်းလှတဲ့နေရာလို့ ထင်မိပါတယ်၊ တကယ်တမ်း တော့ထင်သလောက်မဝေးဘူးဆိုတာ သိရပါတယ်၊ Express ကားနဲ့သွားမယ်ဆိုရင် နေ့လည် ၂ နာရီမှာ ကလေးမြို့ကနေထွက်ရင် မနက်စောစော မန္တလေးကိုရောက်ပါတယ်၊ ဗင်ကားနဲ့သွားမယ်ဆိုရင် မနက် ၆ နာရီထွက်ပြီး ညနေ ၆ နာရီဆိုရောက်မှာပါ၊ လေယာဉ်နဲ့ဆိုရင်တော့ ၄၅ မိနစ်ပဲ စီးရမှာပါ၊ ကလေးမြို့ကနေ ချင်းပြည်နယ်က မြို့လေးတွေကိုလည်း သွားလို့ရပါတယ်၊ ကလေးမြို့ကနေ ဖလမ်း ကို ကားနဲ့သွားမယ်ဆိုရင်တော့ ရ နာရီလောက်ကြာပါမယ်၊ တီးတိန်ကို ကားနဲ့သွားရင်တော့ ၅ နာရီလာက်စီးရပါမယ်၊ တီးတိန်မှာတော့ ရိ လို့ခေါ်တဲ့ အသဲပုံရေကန်ရှိပါတယ်၊  ကလေးမြို့ကနေ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ ဟားခါးကိုသွားမယ်ဆိုရင်ဖြင့် ၁ဝ နာရီလောက် ကားစီးရပါမယ်၊ ကလေးမြို့ကနေ အိန္ဒိယနယ်စပ် […]


padonmarJune 14, 20111min16811
၁၄ နှစ်သမီးကျောင်းသူလေး တစ်ယောက်အကြောင်း ရွာသူရွာသားတွေကို ပြောပြချင်ပါတယ်။ သူကလေးက ရ တန်းအောင် ၈တန်းတက်ရမှာပါ။ကျောင်းပိတ်ရက် အထည်ချုပ်စက်ရုံမှာ ချည်မွေးညှပ်ဝင်လုပ်ပါတယ်။ လစာ ၄၅၀၀ဝ ရပါတယ်။ဒီလဆန်းမှာ ကျောင်းပြန်တက်ဖို့ ထွက်သွားရာက လလယ်မှာ အင်တာဗျူးပြန်လာဝင်ပါတယ်။ကျောင်းတက်ဖို့ စုထားတဲ့ လခကို အိမ်လခပေးလိုက်ရပါတယ်။(အိမ်လခက ၄၀၀၀ဝပါ၊မရမ်းကုန်းမှာပါ) အမေက လေးဘက်နာ နှလုံးရောဂါသည်။အဖေနဲ့ အမေက ကွဲနေပါသတဲ့၊အစ်မအကြီးဆုံးက ၅ တန်းထဲက ကျောင်းထွက်ပြီး အခု ဝက်သားတုတ်ထိုး လမ်းဘေးမှာရောင်းရပါတယ်။ ဒီတလောမှာ ဝက်နားရွက်ပြာနေတော့ အမဲသားတုတ်ထိုးပေါ့။ အစ်မ ကလည်း အပျိုလေးဆိုတော့ ဈေးရောင်းရတာရှက်ပါတယ်တဲ့။ အစ်မလတ်က ၁ဝ တန်းကျတော့ ဒီနှစ် အပြင်က ကျူရှင်တက်ဖြေမယ်တဲ့။ မောင်လေးက ၅ တန်းပါ။အဖွားပါ မိသားစု ၆ယောက်မှာ အစ်မကြီးလုပ်စာနဲ့ ဒီသမီးလေးကျောင်းပိတ်ရက် လုပ်အားခ နဲ့ […]


padonmarMay 17, 20111min1477
ဒီသမီးလေးနာမည်က တွယ်တာအောင်တဲ့။မောင်နှစ်မ ၃ယောက်မှာ အကြီးဆုံးပါ၊အဖေက ပွဲရုံတစ်ခုက အလုပ်သမားပါ၊ သူတို့အမေက အငယ်ဆုံးယောကျင်္ားလေးမွေးပြီး လသားမှာဆုံးသွားပါတယ်။ ကလေးတွေကိုနီးစပ်ရာဆွေမျိုးတွေက တစ်ယောက်စီ ခွဲယူမယ်ဆိုတော့ သူကလေးက သမီးတို့မောင်နှစ်မတွေကို မခွဲပါနဲ့လို့ ငိုရှာသတဲ့၊ဒါနဲ့ သူ့အဖေ မနက် အလုပ်ထွက်လုပ်ရင် သူကလေးက ထမင်းချက်တယ်တဲ့၊ကလေးအငယ်လေးကိုလည်းသူပဲထိန်းရှာတယ်၊ကျောင်းလည်းမနေရ၊ထမင်းလည်းသိုးတဲ့ အခါသိုးနဲ့ပေါ့၊ အောင်ဖေယျာမင်းပရဟိတကျောင်း အကြောင်း ကျွန်မတို့ သူငယ်ချင်းတွေအလှူသွားလုပ်ရင်းသိရတော့ ဆရာတော်ကို ခွင့်တောင်းပြီး ဒီကလေးတွေကို ဆရာတော့်ကျောင်းပို့လိုက်ရတယ်၊ စရောက်ခါစတော့ ငိုမဲ့မဲ့နဲ့ အဖေ့လက်ကိုဆွဲထားကြတာပေါ့၊သူ့အဖေလည်း ၂ရက်၃ရက်တစ်ခါသွားတွေ့ရတယ်၊နောက်တော့ကျောင်းမှာပျော်သွားကြပါတယ်။ သူကလေးလည်း အဲဒီတော့မှ ကျောင်းစတက်ရပါတယ်၊အခု အောင်ဇေယျာမင်းရောက်တာ၁နှစ်ရှိသွားပါပြီ။ဒီပုံတွေက သူတို့ကျောင်းရောက်ပြီးတစ်လလောက်မှာ ကျွန်မတို့ သာကူသွားလှုတုံးကပုံတွေပါ။အငယ်ဆုံးလေးက ထွားသွားပြီး အလတ်မလေးက ညှက်နေရှာပါတယ်။ သူနဲ့ရွယ်တူ ကလေးတွေ ကိုယ့်ဖာသာကိုယ်ပဲစားနေချိန်မှာ တွယ်တာအောင်လေးက သူတောင်မစားနိုင်သေးပဲ အလတ်မလေးကိုကျွေးနေတာတွေ့ရတော့ ရင်ထဲကြင်နာရပါတယ်၊ အလှူရှင်အုပ်စုထဲက အန်တီကြီးက ကလေးတွေကို သာကူတိုက်ပေးတော့မှပဲ […]


padonmarMay 17, 20111min1113
Good Idea ရဲ့ Post ဖတ်ပြီးစိတ်ဝင်စားလို့ သူငယ်ချင်းတွေစုပြီး အမေ့အိမ်ကို ဒါနခရီးတစ်ခေါက်ရောက်ခဲ့ပါတယ်၊ ၅၄၈ မေခလမ်း ၁၄ ရပ်ကွက် လှိုင်သာယာ မှာရှိပါတယ်၊မေးစမ်းပြီးသွားတော့ လူကြီးတွေထက် လူငယ်တွေ ကလေးလေးတွေက ကျောင်းအကြောင်းကိုပိုသိကြပါတယ်၊ကလေးလေးတစ်ယောက်က အလကားသင်ပေးတဲ့ကျောင်းလား ၄လမ်းထဲမှာရှိတယ်လေလို့ လမ်းညွှန်ပေးပါတယ်။အလုပ်အားတဲ့ရက်သွားရတာဆိုတော့ ကျောင်းပိတ်ရက်ဖြစ်လို့ ကလေးတွေတော့မတွေ့ခဲ့ရပါဘူး၊ဂျပန်ငလျင်အတွက် ကလေးတွေရဲ့ ရင်တွင်းက ဆုတောင်းစကားလေးတွေနဲ့ ကောက်ရပစ္စည်း ပြန်ပေးလို့ ဆုချတဲ့ ဆုဖလားလေးကိုပဲ မှတ်တမ်းတင်ခဲ့ရပါတယ်၊ အပြန်မှာကွန်ပြုတာ အဟောင်းလေးတွေ ယူသွားတာ ဆရာလေးဆရာမလေးတွေသယ်ပေးဖို့ လိုက်လာကြတော့ လမ်းကကလေးတွေက သူတို့ဆရာ ဆရာမတွေကို နှုတ်ဆက်ကြတာ ကြည်နူးစရာပါ။ စာလည်းသင် ကလေးတွေရဲ့ အသိစိတ်ဓာတ်လေးတွေလည်းပြုပြင်ပေးနေတဲ့ ကျောင်းလေးပါပဲ။ မိတ်ဆွေတို့လည်း ကူညီပေးလိုက်ကြပါအုံး။  


padonmarMay 10, 20111min31124
  ဒီသားလေးက ခြောက်တန်းကျောင်းသားလေးပါ။ကျောင်းပိတ်ရက်မှာ ကျောင်းစားရိတ်ရအောင် ညနေပိုင်းတွေမှာ သူ့အမေ ထုပ်ပေးတဲ့ သကြားမုန့်ဖက်ထုပ်နဲ့ ငှက်ပျောသီးမုန့်ကို လိုက်ရောင်းပါတယ်၊မနက်ပိုင်းကျတော့ အဖိုးနဲ့ အဖွားက တံပျက်စည်းလုပ်ပြီးသွင်းဘို့ လိုအပ်တဲ့ပစ္စည်းတွေ သူပဲ လိုက်ဝယ်ပေးရပါတယ်၊ အဖေက ရေလှည်းတွန်းတယ်၊အမေက မုန့်လေပွေရောင်းတယ်၊သူရောင်းတဲ့ မုန့်ဖက်ထုပ်ကလည်းအမေ့ လက်ဖြစ်ပေါ့၊မောင်နှစ်မ ၈ယောက်မှာ သူကလေးက နံပါတ် ၅ ပါ၊ နေတာကတော့ မီးခွက်ဈေး လှိုင်သာယာတဲ့၊ ကျွန်မကတော့ ဒီလိုကလေးမျိုး ကိုအမြဲအားပေးပါတယ်၊သူကလေးကလည်း ဒီအလုပ်လုပ်တာ အားမာန်အပြည့်နဲ့ပါပဲ။ (ပထမဓာတ်ပုံက ဓာတ်ပုံဆရာက ခင်ချိန်ကြာဆိုတော့ ကလေးခေါင်းပြတ်သွားပါတယ်၊ သူကလေးကလည်း အရမ်းသွက်တော့ ရောင်းပြီးတာနဲ့ သူ့မုန့်ထုပ်ကို မြန်မြန်သိမ်းတော့တာပဲ၊အေးသွားမှာလည်းစိုးလို့ပေါ့၊ ဒုတိယပူံချည်းပဲဆိုရင် ဘယ်က ကလေးပုံကြီးလာပြနေလဲ ထင်မှာစိုးလို့ ၂ပုံ တွဲပြီးပြလိုက်ပါတယ်၊)Child Labour လို့တော့ မပြောလောက်ပါဘူးနော်  


Zaw WonnaOctober 2, 20101min840
သင့်ကလေးငယ်အား ယဉ်ကျေးရည်မွန်သော ကလေးတစ်ဦး ဖြစ်လာစေရန် သင်ကြားပေးခြင်းမှာ မည်သည့်အခါမှ စောလွန်းခြင်း၊ နောက်ကျလွန်းခြင်း မရှိနိုင်ပေ။ ထို့ကြောင့် သင့်ကလေးငယ်နှင့် ပတ်သက်၍ သင့်အနေနှင့် ဆောင်ရွက်သင့်သော လမ်းညွှန်ချက် အချို့ကို တင်ပြလိုက်ပါသည်။ လမ်းညွှန်ချက်များ ၁။ သင့်အနေနှင့် စံနမူနာကောင်း ဖြစ်ရန် ကြိုးစားပါ။ မိဘများ ကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့မှု မရှိပဲနှင့် သားသမီးများထံမှ ယဉ်ကျေးလိမ္မာမှုကို မျှော်လင့်နေခြင်းသည် တရားမမျှတရာ ကျသည်။ ၂။ ကလေးငယ်၏ တတ်သိနားလည်မှုကို လိုက်၍ သူ၏ အပြုအမူများကို တဆင့်ချင်း သင်ကြားပေးပါ။ သိနားလည်မှု နည်းပါးသေးသော အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အစာစားသောအခါ ပါးစပ်ကိုစေ့၍ ဝါးစားရန် သင်ကြားပေးရန် မဖြစ်နိုင်ပေ။ သို့သော် အသက် ၄၊ ၅ […]


Zaw WonnaSeptember 13, 20101min1477
ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်တွင် မွေးကာစ ကလေးငယ်လေး တစ်ဦးအား လေယာဉ် အမှိုက်အိတ်အတွင်းမှ တွေ့ရှိခဲ့ရသည်။  Gulf လေကြောင်းလိုင်းဖြင့် ဘာရိန်းနိုင်ငံမှ ရောက်ရှိလာသော လေယာဉ်ပေါ်မှ  ကလေးငယ်မှာ ချက်ကြိုး တန်းလန်းနှင့် ဖြစ်ပြီး သွေးများဖုံးလွှမ်းနေကာ တစ်ရှုးစက္ကူများဖြင့် ပတ်ထားသည်။ ကလေးငယ်မှာ အသက်ရှင်ဆဲ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။ အစိုးရ အရာရှိပိုင်းက ရဲများအား ကလေး၏ မိခင်ဖြစ်သူကို ရှာဖွေဖော်ထုတ်၍ အပြစ်ပေးနိုင်ရန် ကြိုးစားနေကြကြောင်း ပြောကြားသည်။ Gulf လေကြောင်းလိုင်း၏ သင်္ကေတဖြစ်သော GF ကိုရည်ရွယ်၍  George Francis ဟု အမည်ပေးထားသော ၎င်းကလေးငယ်မှာ ယောက်ျားလေး ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ Ninoy Aquino နိုင်ငံတကာ လေဆိပ်မှ လုံခြုံရေး ရဲတစ်ဦးသည် လေယာဉ်အိမ်သာ […]