ကျွန်တော်ရဲ့    ကလေးဘဝတစ်လွဲ   အတွေးများ။။။။။ ကျွန်တော် ရဲ့ ငယ်ငယ် ကလေးဘဝက အလွဲတွေကတော့ ဖတ်ရသူတွေအတွက် တော့ တော်တော် ကြောင်တောင်တောင်နိုင်တဲ့ကောင်ပဲလို့ထင်ကြမှာဗျ….။ ကျွန်တော် တွေးတဲ့ ပုံစံက တော်တော် ဂွတီးဂွကျ နိုင်တဲ့အတွေးတွေ  ဖြစ်နေလို့ပါပဲ … အတွေး(၁) ငယ်ငယ်တုန်း အချိန်က ရေဒီယိုတွေ ပေါ်ဦးစအချိန်တွေ တုန်းက လူတိုင်းမဝယ်နိုင်တဲ့ရေဒီယိုလေး ဖခင်ဖြစ်သူက ဝယ်ပေးခဲ့လို့ ရေဒီယိုလေးရလို့ ပျော်နေတတ်တဲ့အချိန် ဘယ်ကလာမှန်းမသိတဲ့အသံတွေဒီ စက်ကလေးထဲက ထွက်နေပေမယ့် နားထောင်ကောင်းသားဗျ  ဒါပေမယ့် ဒီထဲကအသံတွေဘယ်က လာသလဲ မသိတာဟာ ကျွန်တော့ အတွက်တော့ စဉ်းစားစရာပါ တစ်နေ့ မိသားစုလိုက် ရွှေတိဂုံ ဘုရားကြီးသွားဖူးရင်း မြန်မာ့အသံဆိုတဲ့ အဆောက်အဦးကြီးထဲကနေ လွှင့်ပေးနေတာလို့ ဖခင်ဖြစ်သူရှင်းပြမှ…အော်…..ရေဒီယိုထဲကအသံတွေက  ဒီအဆောက်အဦး ကြီးထဲကလာတယ်ဆိုတာ သိလိုက်ရတာပဲဗျ…..။။ ဒါကလဲ ရေဒီယိုနဲ့ […]