ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]