lu ta loneJuly 24, 20101min652
“ ညီလေးရေ ပေါ့ဆိမ့်တစ်ခွက်လုပ်ကွ´´ “ ဟေ့ကောင်းလေး ဒီမှာရှင်းမယ် ဘယ်လောက်ကျလဲကွယ်´´ လက်ဖက်ရည်ဆိုင်တွေမှာ အမြဲတမ်းကြားနေရတဲ့ စကားတွေပါ။ လက်ဖက်ရည်ဆိုင်ထိုင်ဖူးတဲ့လူတိုင်း ကြားဖူးကြသလို ပြောလည်းပြောဖူး ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ လက်ဖက်ရည်သောက်တဲ့အကျင့်က ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတာလေ။ အဲဒီလို မြန်မာလူမျိုး တွေလက်ဖက်ရည်သောက်တတ်တဲ့ အကျင့်တွေရှိတော့ မြို့ရွာဒေသအသီးသီးမှာ လက်ဖက်ရည်ဆိုင်တွေကို ပေါများစွာတွေ့ရှိ နေကြပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်တွေကအစ လူကြီးတွေအထိ လက်ဖက်ရည်ဆိုင်ထိုင်တတ်ကြပါတယ်။ တစ်ချို့က လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့အရသာကိုကြိုက်လို့ တစ်ချို့က အလုပ်ကိစ္စအတွက် တစ်ချို့တွေ တစ်ချို့တွေ ဟုတ်ပါတယ် အကြောင်းအမျိုးအမျိုးနဲ့ လူတွေ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ ဒီနေရာမှာ ကျနော် အထက်က ဖော်ပြခဲ့တဲ့ စကားပြောလေးကို ပြန်စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့ လက်ဖက်ရည်မှာဖို့၊ ပိုက်ဆံရှင်းဖို့အတွက် စားပွဲထိုးတွေကို ခေါ်တဲ့အခါ သုံးနှုန်းလိုက်တဲ့ အခေါ်အဝေါ်တွေက “ညီလေးရေ´´ “ […]