who whoDecember 29, 20111min1186
ဘုရားဂုဏ်တော်ပွားရင်းက သုဂတောဂုဏ်တော်နဲ့ ဆက်စပ်လို့ “ကောင်းသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား”ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ထပ်သိချင်လာတဲ့ အချက်ကလေးတစ်ချက်။ ကောင်းသောစကားကို ဆိုတယ်ဆိုတော့ ဘယ်လို စကားမျိုးပါလိမ့်လို့ စပ်စုချင်လာတာနဲ့ ထပ်လေ့လာ လိုက်တဲ့အခါ “ဘုရားပြောသော စကားနှစ်ခွန်း”ဆိုတာလေး ထပ်သိလာရပါတယ်။ မြတ်ဘုရားနဲ့ ပတ်သက်လို့ သိလာရသမျှတိုင်းဟာ ကျနော်တို့အတွက် အတုယူလိုက်နာဖွယ်ရာများသာ ဖြစ်တာကြောင့် အားလုံးလည်း အကျိုးများစေရန် အလို့ဌါ ထပ်မံ ဝေမျှလိုက်ရပါတယ်။ လောကမှာ လူတွေ ပြောနေကြသော စကားတွေကို အမျိုးအစား ခွဲခြမ်းလိုက်တဲ့အခါ စကားကြီး ခြောက်ခွန်းရယ်လို့ ထွက်လာပါတယ်နော်။ အဲဒါတွေကတော့ ၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။ ၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။ ၃။ “ဟုတ်တယ်၊ […]