ခလေးခိုးယူသူများနဲ့ပါတ်သက်လို့ ဆက်လက်ရရှိတဲ့သတင်းကတော့ ၃၀/၁၀/၂၀၁၁ ရက်နေ့က မနက်(၁ဝးဝ၀)ခန့်ကဒဂုံမြို့သစ်မြောက်ပိုင်းအမှတ်(၄၉)ရပ်ကွက်  ဓမ္မာရုံတွင် မြို့နယ် ရဲတပ်ဖွဲမှ ဒုရဲအုပ် အဆင့် ရှိသူ-ဒုရဲအုပ် ဦးသိန်းဟန်မှ ရပ်ကွက်အတွင်း ရပ်ကွက် လူကြီးတစ်ချို့အားခေါ်ယူ ပြီး ခလေးသူခိုးဖြစ်စဉ်နှင့် ပါတ်သက်၍လာရောက်ရှင်းလင်း ပြောကြားသွားကြောင်း သိရပါတယ် ။ ထိုသူမှပြောကြားရာတွင် ကလေးသူခိုးဖြစ်စဉ်မှာအမှန်မဟုတ်ကြောင်း  ခွေးခိုးခြင်းသာဖြစ်ကြောင်း  ၎င်းချင်း လူမျိုး(၃)ဥိး မှာ ခွေးခိုးရန် လာရောက်ကြခြင်းဖြစ်ကြောင်း  ခွေးခိုးသည်ကို ကလေးခိုးသည်အထင်နှင့် လိုက်လံဖမ်းဆီးကြခြင်းဖြစ်ကြောင်း ရပ်ကွက် ရုံးတွင် ထိမ်းသိမ်း ထားသောအခိုးခံရသည့် ကလေးမှာလည်း အမှန်တစ်ကယ် အခိုးခံရခြင်းမဟုတ်ကြောင်း အမှတ်(၄၉)ရပ်ကွက် (၅၀)ရပ်ကွက်(၅၁)ရပ်ကွက် များ၏နယ်မြေချင်းဆက်စပ်နေသော  လမ်းဆုံမှ လိုင်းကားဂိတ်ရှိ အမှတ်(၆၁)အနီ  စစ်ကျန်ဘတ်(စ်)ကားဂိတ် မှ လိုင်းကားတစ်စီးပေါ်တွင် အိပ်ပျော်နေသောကလေး ကလေးတစ်ဦးအား ဘယ်ကမှန်းမသိသောလူများမှ တွေ့ရှိ၍ အမှတ်(၄၉)ရပ်ကွက်ရုံးသို့လာရောက် အပ်နှံချိန်နှင့် တိုက်ဆိုင်သွားသဖြင့် […]


၂၈/၁၀/၂၀၁၁ ရက်နေ့ ဒဂုံ မြောက်ပိုင်းမြို့နယ် အမှတ်(၄၉)ရပ်ကွက်အတွင်းည(၉)နာရီခန့်က ကလေးခိုးယူသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်  ကလေးခိုးယူသော သူများမှာ မှန်လုံ တောင်းအေ့ကားဖြင့် လာရောက်ခိုးယူခြင်းဖြစ်ကြောင်းနှင့်လူသုံးဦး ပါဝင်တယ်လို့သိရပါ   ကလေးခိုးယူသွားသည်ကို တွေ့ရှိသူများပြောကြားချက်အရ ခိုးယူသူမှာ ကလေငယ်အား ပုဆိုးဖြင့် ပတ်ခြုံကာ ပွေ့ချီ ထွက်ပြေးသည်ကို မသင်္ကာသဖြင့် ရပ်ကွက်က လူများမှ လိုက်လံမေးမြန်းရာမှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်  ထိုသူဟာ ကလေး ကိုချထားခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးစဉ် အမှတ်(၄၉) ရပ်ကွက် စိန်ပန်းလမ်းပေါ်မှ လူအများက အော်ဟစ်လိုက်လံဖမ်းဆီးရာတွင် ကလေးအားချထားခဲ့ပြီး ဒူးယား(၁၀)လမ်း ရေမြောင်း အတွင်းဝင်ရောက် ပုန်းအောင်နေသည်ကိုတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့်  ဖမ်းစီးခံရသောကလေးမှာ (၁၀)အောက် ကလေးတစ်ဦးဖြစ်ပြီး သတိကင်းလွတ်နေကြောင်း စကားမပြောနိုင်အောင် မူးဝေစေသည့်ဆေးတစ်ခုခုတိုက်ကြွေးထားသည်ဟု ယူဆရကြောင်း ခလေးသူခိုးနှစ်ဦးကို ရပ်ကွက်မှလိုက်လံဖမ်းဆီးခဲ့ကြောင်းနှင့် ထိုသူနှစ်ဦးမှာလွတ်မြောက်သွားတယ်လို့သိရပါတယ်..။။။ ဖမ်းဆီးရမိသော ခလေးခိုသူတစ်ဦးမှာ ပိန်ပိန်ပါးပါး“ ချင်း” […]