နိုင်ငံတော်သမ္မတကြီးနဲ့တကွတာဝန်ရှိလူကြီးမင်းများ၊သူကြီးနှင့်ရွာသူရွာသားများခင်ဗျား………………………… သံတွဲမြို့အထက(၁)မှာ၂၀၁၁ခုနှစ်၊စက်တင်ဘာလက (၁၀)တန်းကျောင်းသူ (ဘ)ဦးကျော်နိုင်ရဲ့သမီးမရွယ်ဆုပန်က ဆရာမကြီးကို ကျောင်းတွင်းစာမေးပွဲစစ်မယ်ရက်ကြေငြာ တာအရမ်းနီးကပ်ကြောင်းပြောဆိုသောအခါ ဆရာမကြီးက မေးခွန်းစာရွက်တွေကိုရန်ကုန်မှာရိုက်ရကြောင်း၊အဲဒီနေ့မှမေးခွန်းတွေရောက်တဲ့အတွက်နောက်တစ်နေ့ချက်ချင်းစာမေးပွဲစစ်မှာဖြစ်ကြောင်း၊သံတွဲမှာရိုက် ရင်ဈေးကြီးကြောင်းပြောသောအခါ မရွယ်ဆုပန်မှ ကျွန်မတို့ကျောင်းသူ/ကျောင်းသားတွေဆီကစာမေးပွဲဖိုးဆိုပြီး(၁၀၀၀)စီ ကောက်ထားတဲ့ငွေ တွေ(၁၀၀၀၀၀၀)လောက်ရှိတယ်၊အဲဒီငွေနဲ့ရိုက်ပါလားလို့ ပြောသည်ကိုဆရာမကြိးမှအားမနာပြောသည်ဆိုပြီး မိဘအားခေါ်ယူပြီးကျောင်းထုတ်ရန်ပြောခဲ့ပါသည်။မိဘများကအမျိုးမျိုးတောင်းပန်သော်လည်း ရွယ်ဆုပန်ကိုယ်တိုင်မှ ဒူးထောက်၍လူအများရှေ့တွင်တောင်းပန်မှ ကျောင်းမှာဆက်ပြီးလက်ခံနိုင်မယ်လို့ပြောခဲ့ပါတယ်၊ အဲဒီနောက် (၃)ရက်လောက်ကြာတဲ့အခါ ကျောင်းခန်းမမှာ“မရွယ်ဆုုပန်မှဒူးထောက်ဝန်ချတောင်းပန်ပွဲ” ဆိုတဲ့နဖူးစီးစာတန်းကြီးကိုချိတ်ဆွဲထားပြီး မြို့မိမြို့ဖဆိုသူများနဲ့ကျောင်းသားတွေရှေ့မှာ မရွယ်ဆုပန်က ဆရာမကြီးရဲ့ခြေထောက်ကိုဖက်ပြီးတောင်းပန်ခိုင်းခဲ့ပါတယ်။ ဒါဟာအသက်အရွယ်မပြည့်သေးတဲ့ကျောင်းသူမိန်မပျိုကလေးတစ်ယောက်ကို အရှက်ခွဲ ခဲ့ပြီး တည်ဆဲဥပဒေဖြစ်တဲ့ ကလေးသူငယ်ဥပဒေကို ထီမထင်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ် ဒါ့အပြင် သံတွဲမြို့၊မြို့မအလကမှာ ၂၀၁၁ခုနှစ်အစပိုင်းက ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဦးသောင်းရွှေတို့(၂)ဦးက ပထမတန်းကျောင်းသားလေးတစ်ယောက်ကိုလက်ပြန်ကြိုးတုတ်ပြီး တိရစာ္ဆန် တစ်ကောင်ကိုရိုက်သလိုရိုက်နေလို့ အားကစားမှူးဟောင်းဦးမောင်ညီဆိုသူကမယကဥက္ကဌ(ယခု မြို့နယ်အုပ်ချုပ်ရေးမှူး)ထံကိုတိုင်ကြားခဲ့ပါတယ်။ တရားဆွဲမယ်      ဆိုတဲ့အသံ တွေလည်းကြားခဲ့ပါတယ် ။ ဒါပေမယ့် မယကဥက္ကဌနဲ့ ဦးမောင်ညီတို့လက်ဝါးခြင်းရိုက်ပြီး အဲဒီကိစ္စကို ဖျောက်ပစ်လိုက်ကြပါပြီ။ တကယ်တော့ဒီကိစ္စဟာရာဇဝတ်မှုကြီးပါ၊ဒီလိုရာဇဝတ်မှုကိုဖျောက်ဖျက်ပြီး မိမိကိုယ်ကျိုးအတွက်လုပ်စားသွားသူအုပ်ချုပ်ရေးမှူးဦးမြတ်ကျော်နဲ့ဦးမောင်ညီတို့ကိုအရေးယူပြီး ရာဇဝတ်မှုကိုကျူးလွန်ခဲ့တဲ့ သံတွဲမြို့မအလကကျောင်းအုပ်ဆရာကြီးနဲ့ […]