ဆူးMay 11, 20111min26016
ကလေး အခွင့်အရေးတွေ ပြောနေကြတာနဲ့..သတိရမိတာ တခုရှိတယ်။ ၆တန်း ရတန်း လောက်တုန်းက (၁၉၉၇ဝန်းကျင်) ကျောင်းကားစီးရင် ကျောင်းကား ပတ်တဲ့ လမ်းမှာ အမြဲမြင်နေရတဲ့ အရူးမကြီး တယောက်ရှိတယ် ကလေးက ၂ယောက်တောင် ရှိတယ်။ အရူးမ ဆိုပေမဲ့ စိတ်ဖောက်တဲ့ အခါ တော်တော် ဆိုးပေမဲ့ သာမန်ဆိုရင် ကျပ်မပြည့် သလို ဖြစ်ယုံပါပဲ။ အရမ်းကြမ်းကြမ်း တမ်းတမ်းကြီး မဟုတ်တော့ ရပ်ကွက်က စောင့်ရှောက်ပေးထား ကြပါတယ်။ သူရဲ့ ကလေး ၂ယောက်က ၆ နှစ် ရနှစ်လောက် ရှိမဲ့ ကလေး က တစ်ယောက် နှင့် နောက်ကလေးတစ်ယောက်က ၁နှစ် ၂နှစ် ထက်မပိုဘူးထင်ပါတယ်။ လမ်းလျှောက်တတ်ပေမဲ့ အကြီးလေးက ချီလို့.. သူတို့ ဝမ်းရေး အတွက် […]