ဂေဇက်………. မြန်မာပြည်မှာပထမဆုံးသတင်းစာတိုက်….. သူ့ရဲ့ကိုယ်ပွားရွာလေးတစ်ရွာဖြစ်တဲ့မန်းလေးဂေဇက်ဆိုတဲ့ဆိုဒ်ကလေး… ရွာသူားအပေါင်းနဲ့စာဖတ်ပရိတ်သတ်အပေါင်းလဲသိကြမှာပါ ကျွန်တော်တို့ရွာကြီးဟာအခုဆိုရင်စည်ပင်သထက်စည်လာပါပြီ…..နိုင်ငံအရပ်ရပ်မြန်မာပြည်တွင်းကဒေသအရပ်ရပ်ကလူတွေစုဝေး ရောက်ရှိလာကြပါပြီ…….လူမျိုးစုံအသက်အရွယ်စုံဘဝအစုံလုပ်ငန်းအစုံနဲ့ဆိုင်ရာဆိုင်ရာအသိပညာအတတ်ပညာတွေနဲ့ ဗဟုသုတစုံလင်စွာအတွေ့အကြုံစုံလင်စွာနဲ့ရပ်တည်လာကြပါပြီ…… ဒါပေမယ့်လို့…တကယ့်ကိုဒါပေမယ့်လို့ပေါ့ဗျာ….. ကျွန်တော်တို့ရွာလေးဟာလက်ရှိအခြေအနေမှာမြန်မာပြည်ရဲ့အနေအထားလိုပဲ ဒီထက်ပိုပြီးတိုးတက်နိုင်ရဲ့သားနဲ့နောက်ကျကျန်နေခဲ့တာလေးတွေရှိနေပါသေးတယ်……. အဟင်းဒီနေရာမှာနဲနဲလောက်တော့နားထောင်ကြည့်ပါဟစ်ပ်ဟေ့ာပ်သီချင်း..အဲလေ….ဒီနေရာမှာနိုင်ငံရေးလေးနဲနဲထည့်မယ်ခွင့်ပြုပါ…. ကျွန်တော်တို့မြန်မာပြည်လိုတိုးတက်နိုင်ရဲ့နဲ့နောက်ကျကျန်နေတာတွေရှိတယ်ဆိုတဲ့ ဥပမာအလင်္ကာဆန်ဆန်သုံးထားတာဒီလိုရှိပါတယ်… လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေဟာကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ပါတီဝင်များမဲအများအပြားရရှိပြီးနိုင်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ နိုင်ငံရေးအကျဉ်းသားများ သမ္မတကြီးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးနေတဲ့အထိနည်းနေသေးတဲ့ယုံကြည်မှုတွေဟာ စိတ်ချနိုင်လောက်တဲ့အခြေအနေကိုရောက်တော့မယ် ဆိုပြီးယုံကြည်မှုတွေပိုမိုတိုးတက်လာတဲ့အထိကိုဖြစ်လာပါတယ်…….. ဒီအခါမှာနိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုတွေ၊ကူညီထောက်ပံ့မှုတွေလုပ်ဖို့လက်တွေကမ်းလာပါတယ်…….. ဒီအခါမှာ(၁)နိုင်ငံရေးလွတ်လပ်စွာလှုပ်ရှားနိုင်မှုများယခင်ကထက်အခြေအနေပိုမိုကောင်းမွန်လာခြင်း…… (၂)နိုင်ငံတကာဆက်ဆံရေးတွင်ပိုမိုတွင်ကျယ်လာခြင်း…. (၃)ကမာ္ဘအသိအမှတ်ပြုမှုပိုမိုရရှိလာခြင်းတွေအပြင်…. (၄)ရင်းနှီးမြုပ်နှံလိုမှုများ.များပြားလာခြင်းကြောင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်း…. (၅)နိုင်ငံတကာအဆင့်အတန်းမှီရင်ဘောင်တန်းနိုင်အောင်နိုင်ငံနှင့်တစ်ဝန်းတွင်လမ်းပန်းဆက်သွယ်ရေး၊မြို့ပြစနစ်များပိုမိုပီပြင်လာမှု၊လူမှုအဆင့်အတန်းတွေ မြင့်မားရန်၊ကျန်းမာရေးအဆင့်အတန်းတွေမြင့်မားရန်၊ဥပဒေစိုးမိုးမှုနှင့်တရားစီရင်ရေးကဏ္ဍများတွင်တိကျမှန်ကန်လာစေရန်၊ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအစရှိတဲ့ ဖြစ်စဉ်တွေလုပ်ငန်းတွေပြုလုပ်လာရမယ့်အခြေအနေမှာ……… (က)နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်စိတ်ရှည်သည်းခံလာပြီးမှ….ဆက်ပြီးစောင့်ကြည့်မနေပဲစိတ်လောပြီး….. (ခ)အနိမ့်ဆုံးလုပ်ခလစာဟာ တစ်သိန်းလောက်မှပြေလည်နိုင်မယ်ဆိုပြီး ကုမ္ပဏီအလုပ်သမားတွေကဆန္ဒုပြ….. (ဂ)စွမ်းအင်အပြည့်အဝမပေးဝေနိုင်မှုတွေဖြစ်ပွား………. (ဃ)ကချင်ပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်တွေဖြစ်ပွား……. (င)ရခိုင်ပြည်နယ်အရေးကိစ္စတွေဖြစ်(ဒါကတော့လူမျိုးရေးဆိုတာထက်မြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံကိုကျူးကျော်လာတဲ့နိုင်ငံရပ်ခြားတိုင်းတစ်ပါးသား များကအစပျိုးတဲ့နိုင်ငံရေး၊အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ချွင်းချက်တော့ရှိချင်ရှိနိုင်ပါတယ်) (စကားချပ်-ရခိုင်ပြည်နယ်အရေးမှာတကယ်ကိုတာဝန်ယူသင့်တာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့လုံခြုံရေးတို့ကိုတာဝန်ယူထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှာတာဝန်ရှိတဲ့အတွက် ကိုယ့်လူမျိုးများကအဝင်ခံလို့ဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် ကိုယ်မွှေးတဲ့မီးကိုကိုယ်တာဝန်မယူနိုင်ကြသူများသာအပြစ်တင်ကြပါလေ)(မှတ်ချက်-လူမျိုးရေးခွဲခြား ပြောဆိုနေခြင်းမဟုတ်ပါအကြောင်းအကျိုးစပ်ဆက်ပြလိုသောကြောင့်ဖော်ပြရခြင်းဖြစ်ပါသည်) အပေါ်ကစကားပြန်ဆက်ပါမယ်… ဒီလိုကိစ္စတွေဖြစ်တဲ့အခါမှာ…… နိုင်ငံတကာကလဲ အရှိန်အဟုန်နဲ့ရင်းနှီးမယ့်၊ကူညီပေးမယ့်ကိစ္စတွေဟာ အရှိန်လျော့ကျတုံ့ဆိုင်းခဲ့ရပါတယ် ဒီကိစ္စမျိုးတွေသာမဖြစ်ခဲ့ရင်မြန်မာနိုင်ငံဟာလက်ရှိအခြေအနေထက်ငါးရာခိုင်နှုန်းလောက်ပိုမိုတိုးတက်ရမယ့်အခြေအနေဖြစ်နေမှာပါ (ပြောရင်းနဲ့စကားလမ်းကြောင်းလွဲနေပြီလားတော့မသိ…သို့ပေသိဆက်ဟောပါမယ်ဒကာတို့အဆင်ပြေသလိုနာကြပါ..အဲလေသည်းခံပြီး ဖတ်ပေးကြပါ) တကယ်ဆိုရင်မြန်မာပြည်သူပြည်သားများအနေနဲ့တိုးတက်လာမယ့်အခြေအနေနဲ့ရရှိလာတဲ့အခွင့်အရေးတွေကိုစောင့်ဆိုင်းပြီး ကြိုးစားရမယ့်အနေအထားမျိုးပါ…ကြိုးစားမှုကိုအရင်မပြဘဲရရှိသင့်တဲ့အခွင့်အရေးကိုအရင်တောင်းတော့ ဖေးမကြည့်ရှုချင်တဲ့သူတွေတောင် လက်တွန့်သွားတော့တာပေါ့ အခုရေတွင်းတူးအခုရေကြည်သောက်ချင်တာတောင်မဟုတ်ပါဘူး […]