Hard StrikeJuly 29, 20111min20310
၂၈.၇.၂၀၁၁ ရက်နေ  ့  ပြည်မြို  ့သို  ့ အလုပ်ကိစ္စ ဖြင့် ခရီးသွားစဉ် ထူးထူးဆန်းဆန်း မြင်ကွင်းမြင်တွေ  ့ခဲ့ရသဖြင့် စာဖတ်ပရိသတ်ကို တင်ပြလိုက်ပါသည်။ ပဲခူးတိုင်း ၊သဲကုန်း တာဆုံ မော်တော်ပီကယ် ရုံးအနီးတွင်  ကလေး တစ်ယောက် သည် ဝီစီ တစ်လုံး ကို မှုတ်ပြီး လိုင်းကား အငယ်များ နှင့် ထော်လာဂျီ များကို ပိုက်ဆံလမ်းကြေးကောက်ခံနေသည်ကို ထူးထူးဆန်းဆန်းတွေ  ့မြင်ခဲ့ရပါသည်။မော်တော်ပီကယ် ဘောက် အတွင်းတွင် မော်တော်ပီကယ် ဦးထုပ်အဖြူ တစ်လုံးသာ မြင်တွေ  ့ခဲ့ရပြီး လူမရှိပါ။ထို ကြောင့် ကလေးမော်တော်ပီကယ်(ယာဉ်ထိန်း) ရှိပါလားဟု စဉ်းစားရင်းတင်ပြလိုက်ရပါသည်။