The Mandalay GazetteNovember 9, 20101min731
ဪ…2011 တောင် ရောက်တော့မယ်..ရွှေမြန်မာတို့ရဲ့ ရွှေနိုင်ငံကြီးကတော့ ဇာတ်ခေါင်းကွဲနေတုန်းပါပဲလား…အချိန်နဲ့ အမျှ ပြောင်းလဲတိုးတတ်နေကြပါသည်…ဆိုသည့်စကား ရွှေမြန်မာတို့ နှင့် လုံးဝမသက်ဆိုင်သလို ဖြစ်နေကြပါသည်.. တဖြည်းဖြည်း ယိုယွင်းလာတဲ့ စာရိတ္တတွေ .. ရှားပါးလာသော အလုပ်အကိုင်တွေ ..သုံးရင် လွယ်သလောက် ရှာရင် နွားတစ်ကောင်လို့ ကုန်းရုံး ရှာနေရသော  ပို်က်ဆံ ဟုခေါ်သော ငွေ …ငတ်ပြတ်နေသော ကျွန်ုပ်တို့ ၏ မြန်မာ ပြည်သူ  ပြည်သားတွေ ပိုလို့သာ တိုးလာခဲ့ပါသည်… ချမ်းသာတဲ့ သူတွေ ပိုလို့ ချမ်းသာ လာကြပါသည်…ဆင်းရဲတဲ့ သူတွေ ပိုလို့ ဆင်းရဲ လာကြပါသည်…ပျင်းရိနေကြသဖြင့် ငတ်ပြတ်နေသည်ကို လက်ခံနိုင်ပါသည်…မပျင်းမရိ ကြိုးစား လုပ်ကိုင်ပါသော်လည်း လူတန်းစေ့ နေနိုင်ဖို့ ဝေးစွ…စားဖို့ သောက်ဖို့ ပင် မနည်း ဖြစ်နေတာ ကို […]