fattyJuly 5, 20111min17517
အခုတလော ကျနော် ကိုယ်ငွေ့ငွ့လေးနွေးပြီးဖျားဖျားနေတာ ၃ ပါတ်လောက်ရှိသွားပြီ။ ဆီးချို မတိုင်းဖြစ်တာလည်း ၃ လလောက်ရှိပြီ။ ကြာတော့လဲ ပျင်းလာပြီပေါ့။ ခေါင်းမနောက်ရင် ဆီးချိုမတက်လို့ဘဲဆိုပြီး အတင့်ရဲကာ အချိုလေးများထည့်ထည့်စားမိသည်။ ကိုယ်ပူငွေ့ငွေ့က မကျတော့ မဖြစ်ချေဘူးဆိုပြီး ဆရာဝန်ကြီးနှင့် booking ချိတ်ရတော့သည်။ ထိုပြနေကြဆရာဝန်ကြီးနှင့်မပြရခင် အဒေါ်အိမ်က ဝါဆိုသင်္ဃန်းကပ်ဖိတ်တော့ သွားလိုက်၏။ ထိုမှာတင် ကွဲကွာနေတာကြပြီဖြစ်သော နိုင်ငံရပ်ခြားရောက်နေသည့် အစ်မဝမ်းကွဲ နှင့် သူ့အမျိုးသားတို့ရောက်နေတာတွေ့ဖြစ်ကြသည်။ အမ၏အမျိုးသားမှာ တချိန်က မန်းလေးဆေးတက္ကသိုလ်မှ ပါမောက္ခဖြစ်သည်။ အများဆုံးပြောကြတာက ဆီးချိုအကြောင်း ..။ မင်းဘယ်သူနဲ့ပြနေလဲဆိုတော့ ကျနော်ပြနေသည့် ဆရာဝန်ကြီးမှာလဲ မန်းလေးမှဆင်းသော သူ့တပည့်တယောက် ဖြစ်နေပါသည်။ သူတို့နှစ်ဥိး၏ အယူအဆများကွာခြားချက်ကို တင်ပြလိုပါသည်။ ဘယ်သူက ဘာပြောတာလဲဆိုသည်ကိုတော့ စည်းစောင့်ရမည်မို့ မဖေါ်ပြလိုပါ။ တစ်ဦးက … အင်ဆူလင်ထိုးပါလား … […]