manawphyulayNovember 26, 20101min430
“ ဖေဖေ၊ လူတစ်ယောက်နဲ့ တစ်ယောက် ကံချင်းမတူနိုင်သလို ပါရမီချင်း မတူနိုင်ဘူးလို့ လူတော်တော်များက ပြောနေကြတယ်။ ကံဆိုတာဘာလဲ၊ ပါရမီဆိုတာကရော ဘယ်နှစ်ပါးရှိလဲဟင် ?” “ သမီး ကံဆိုတာ ပါဠိသက် ကမ္မက ဆင်းသက်လာတာ။ အင်း ပြောရရင်တော့ သမီးရယ် အလုပ်လို့ ခေါ်တယ်။ မြတ်စွာဘုရားက “အကြင်သူသည် ကံကို ပြုငြားအံ့၊ ထိုကံ၏ အကျိုးကို အကြင်သူသည် ခံစားရလတ္တံ့” လို့ ဆုံးမခဲ့ဖူးတယ်။ ဆိုလိုတာကတော့ ကိုယ်က ကောင်းမှုကို ပြုရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်ပေါ့။ ဒါကြောင့်လည်း “ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်”လို့ ဆိုကြတယ်မလား။ ဘယ်အလုပ်ကိုပဲလုပ်လုပ် သမီး မှတ်ထားဖို့က စေတနာနဲ့လုပ်၊ စိတ်ကောင်းနဲ့လုပ်၊ ကိုယ်ချင်းစာတရားနဲ့လုပ်၊ ဝီရိယထည့်ပြီး ကြိုးစားပမ်းစားလုပ်။ ဒါဆိုရင် သမီး အမြဲကံကောင်းနေမှာ။ […]