moonpoemSeptember 29, 20111min1347
ကျွန်မ ငယ်ငယ်ကလေးကတည်းက ခွေးဆိုရင် မကြောက်တတ်ပါဘူး သိပ်ချစ်တာပါ။ အခုချိန်ထိလည်း မြင်မြင်သမျှ ခွေးဝဲစားကနေ ခွေးလေး ခွေးလတ် ခွေးကြီးတွေကို ပါလာတဲ့ မုန် ့ချကျွေးတုန်းပါပဲ။ မုန် ့ကျွေးတော့ကျွန်မတို ့လမ်းထဲက ခွေးတွေက ကျွန်မကိုမြင်ရင် တရုန်းရုန်းပါပဲ။ ဒါပေမယ့်လည်းပဲ ကျွန်မ ခွေးချစ်တတ်တဲ့အတွက်ကြောင့် ခွေးတွေဘဝ သာယာလှပ ခဲ့ရသလို ကျွန်မကြောင့်လည်း ခွေးကြီးတစ်ကောင်ဘဝ နစ်မွန်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။ (စကားမစပ် သူငယ်ချင်း ဒီစာကို ဆက်ဖတ်မယ်ဆိုရင် ထမင်းစားပြီးမှ အေးအေးဆေးဆေးဖတ်နော် ကြိုတင်သတိပေးထားတာပါ) အဲဒီလိုဘဝပျက်မတတ် နစ်မွန်းလုနီးပါး ခွေးကြီး ရဲ ့နာမည်က ရမ်ဘိုဖြစ်ပါတယ်။ခွေးက အညိုရောင်ဖြစ်ပြီး အကောင်ကကြီးလို ့ ကျွန်မက ရမ်ဘို လို ့နာမည်ပေးထားတာပါ။ ကျွန်မ အထက်တန်းကျောင်းသူဘဝက တီဗွီကနေ အခန်းဆက်လာတဲ့ ဇာတ်လမ်းတွဲ […]