littlekaungMay 21, 20101min2494
၂ဝ ရက်နေ့ နံနက် ၁၁း၂ဝ ဝန်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင်  သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ”ကျွန်တော်က စဖြစ်တဲ့အချိန်   တုန်းက ဖြစ်တဲ့နေရာရဲ့ ဝန်းကျင် နေရာတစ်နေရာရဲ့ […]