alinsettDecember 2, 20141min31328
sunday မနက်က စက်ဘီးပျက်သွားတယ်။   စက်ဘီးပြင်ဆိုင်မှာ ပြင်နေတုန်း ပြင်တဲ့လူရဲ့မိန်းမက သူ့ယောကျာ်းအတွက် လက်ဖက်ရည်ပါဆယ် ဆွဲပြီး ဆိုင်ထဲဝင်လာတယ်။   ”ယောကျာ်းရေ. . .ဒီမှာ ရှင်ကြိုက်တဲ့ ကျဆိမ့်တဲ့။   အော်. . .ကျနော်လည်း ကျဆိမ့်ကြိုက်တာပဲ။ ဒါပေမယ့် ကျနော့်ကိုတော့ ကျဆိ့မ့်ကလေး ပါဆယ်ဆွဲလာပေးမယ့် အိမ်သူသက်ထားဇနီးမယားမရဘူး။ ကျနော် ဟာတာတာကြီးဖြစ်သွားတယ်။   ကျစိမ့်တခွက်လောက် သောက်လိုက်ချင်စိတ်ကလည်း ကြွတက်လာတယ်။ အထူးသဖြင့် ကျနော်ချစ်တဲ့ကောင်မလေးတယောက်က ဝယ်လာပြီး ခွက်ကလေးထဲ ထည့်တိုက်မယ့် ကျဆိမ့်ကို ဆာလောင်မွတ်သိပ်လာတယ်။   ပါဆယ်ဝယ်လာတဲ့ အဲ့ဒီကျဆိမ့်ကို ပြင်သူရဲ့ မိန်းမက ခွက်နှစ်ခွက်ထဲ လှယ်ထည့်တယ်။   တခွက်ကို သူ့ ယောကျာ်းဖြစ်သူ စက်ဘီးပြင်နေရာနား လာချတယ်။   နောက်တခွက်ကိုတော့ […]