ဆူးAugust 3, 20101min843
ပထမ အရေးကြီးဆုံးအချက်မှာ လေဖြတ်သော လူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စသည် ဖြင့် မည်သည့်နေရာတွင်မဆို လေဖြတ်ပါက ဖြစ်သောနေရာမှ ရွှေ့ပြောင်းသယ်ယူခြင်း လုံးဝ မပြုလုပ်ရပါ။ ထိုသို့ ချက်ခြင်းရွှေ့ပြောင်း သယ်ဆောင်ပါက ကားဆောင့်ခြင်း၊ လှုပ်ရှားမူဒဏ်များကြောင့် ဦးနှောက်သွေးကြောလေးများကို ပိုပြီးလျှင်မြန်စွာ ပေါက်ကွဲစေပြီး၊ လူနာရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးစေပါသည်။ ထို့ကြောင့် လူနာကို မည်သည့်နေရာတွင်မျှ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါနှင့်၊ လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေးပြီး ထိုင်စေရပါမည်၊ လူနာကို ကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ လူတစ်ဦးက အသာမှေးပြီး“မ´´ပေးထားပါ၊ ထိုသို့ ထူ“မ´´ပေးပြီး ချက်ချင်း ပိုးသတ်ထားသော ဆေးထိုးအပ်ဖြင့်သော်လည်းကောင်း၊ မီးရို့ပြီးသောလက်ချုပ်အပ်ဖျားဖြင့်သော်လည်ကောင်း၊ လူနာရဲ့ လက်ချောင်း(10)ချောင်းထိပ်ဖျား ပိုးသတ်ထားသော အပ်ဖြင့် (ပဲစေ့ခန့်) သွေးစက်တစ်ဝက်စီ ထွက်လာအောင် […]