WowJanuary 7, 20121min23739
ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ ၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀ဝ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ချ်လမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ […]