WowApril 22, 20121min18246
ကျမရဲ့ အလုပ်ကတော့ ကန်ပနီမှာ Liaison သဘောမျိုးပါပဲ။ ကန်ပနီတွေရဲ့ Image လို့လဲပြောလို့ရတာပေါ့။ ရွာထဲက ဂီဂီတို့လို မာကတ်တာတွေရဲ့ အခြေခံသဘောတရားလေးတွေကို သိထားရသလို ပီအာ လို့ပြောကြတဲ့ Public Relation ၊ ပြီးတော့ လူတွေရဲ့ Psychology ကိုလည်း တီးမိခေါက်မိရှိထားရပါတယ်။ အဲဒီမှာအဓိကက ဘာတွေ့ရသလဲဆိုတော့ မြန်မာလူမျိုးတော်တော်များများက သူများပြောတာကို နားမထောင်တတ်တာပါပဲ။ အရှေ့တိုင်းသားတစ်ချို့လဲ အဲဒီလိုအကျင့် ရှိတတ်ကြပါတယ်။ သူများပြောတာကို နားမထောင်သူတော်တော်များများက စကားတွေအများကြီးပြောလေ့ပြောထရှိပါတယ်။ သူတို့ဘာလိုချင်တယ်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာထင်တယ် စသည်ဖြင့်ပေါ့။ အဲဒီတော့ သူတို့ရဲ့ ခံစားချက်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာလိုအပ်တယ် ဆိုတာကို ကျမတို့ကမြင်အောင် ကြည့်ရပါတယ်။ လူတော်တော်များများက Needs နဲ့ Wants ကို မဆုံးဖြတ်နိုင်ကြပါဘူး။ သူတို့ဘာလိုချင်လို့ လိုချင်မှန်းမသိတဲ့သူတွေ တော်တော်များများတွေ့ဖူးပါတယ်။ […]