ကျမသိပါရစေ မြန်မာနိုင်ငံ၊ ရန်ကုန်မြိ ု ့တော်ရှိ တစ်ခုသောစာသင်ကျောင်း တစ်ကျောင်းတွင် ယနေ ့စာမေးပွဲတစ်ရပ် ပြု လုပ်မည်ဖြစ်သည်။ ကျောင်း တစ်ကျောင်းတွင် စာမေးပွဲ ကျင်းပသည်မှာ အထူးအဆန်းမဟုတ်သော်လည်း ယနေ ့ပြုလုပ်မည့် စာမေးပွဲနှင့် ပက်သက်၍ မူ ကျောင်းသည်သိသာထူးခြား၍ နေသည်။ ထိုကျောင်းမှကလေးများတဖွဲဖွဲ ဝင်လာနေစဉ် ဆရာများမှာ ဟိုနားစုစ၊ု သည်နားစုစုဖြင့် တိုးတိုးကြိတ်ကြိတ်ပြောဆိုလျက်ရှိကြသည်။ ရံဖန်ရံခါ ကျောင်းအဝင်လမ်းဆီသို ့လည်းလှမ်းကြည့်ကြ၏ ။ “ကျောင်းအုပ်ကြီးက ဒီကိစ္စကို လက်ခံဖို ့မကောင်းဘူးဗျာ” ဟု ဆရာတစ်ယောက်ကဆိုသည်။ “ဒါကတော့ ဝန်ကြီးကိုယ်တိုင်ရဲ ့ခွင့်ပြုချက်လေဗျာ။ ဘယ်တတ်နိုုင်မလဲ ” ဟု နောက်ဆရာတစ်ယောက်က သက်ပြင်းချသည် ။ ထိုစဉ် အလုပ်ဝင်သည်မှာ မကြာသေးသော ဆရာငယ်လေးတစ်ယောက် ရောက်လာကာ ဟိုဟိုသည်သည် ြကြည့်ပြီးမေးလိုက်၏ […]