linpin zawMarch 15, 20123min17712
မန်းလေးမြို၁၉လမ်း(နန်းရှေ့လမ်း)အဆုံးမှာရှိတဲ့ ရန်ကင်းတောင်ရဲ့ အရှေ့ဘက်တည့်တည့်မှာရှိတဲ့  ရှင်သူငယ်တောင်ပေါ်မှာတည်ထားပါတယ်။ အဲ့ဒီတောင်ကတော့ ရေထွက်ကျေးရွာအုပ်စုဘက်မှာရှိပါတယ်။ထိုဘုရားကို သွားရောက်ဖူးမျှော်ချင် ရင် ရန်ကင်းတောင်နားက လူတွေကိုမေးမြန်းသွားနိုင်ပါတယ်။ ဒါကတော့ ရေထွက်ကျေးရွာ အဝင်လမ်းဖြစ်ပါတယ်။ ဒါကတော့ ဘုရားအဝင် မုခ်ဦးဖြစ်ပါတယ်။ လှေကားမှတက်ရပါတယ်။ အပေါ်ဆုံးမရောက်ခင် ဒုတိယအဆင့်မှာ ရှိတဲ့ ပုံစံငယ်ပါ။ အပေါ်မှမြင်ရသော လှေကားမြင်ကွင်းပါ။ တွေ့နေရတာကတော့ ရန်ကင်းတောင်တောင်ရိုးကြီးပါ။ အပေါ်ဆုံးမှ ကျိုက်ထီးရိုးပုံတူစေတီတော် ကြည်နူးစရာမြင်ကွင်းပါ။ မိတ်ဆွေတို့…                               ပျော်ရွှင်ကြည်နူးစရာနေရာလေးကို ရောက်ဖူးအောင်သွားလိုက်ကြပါ။