moonpoemApril 5, 20111min974
ကျွန်မတတိယတန်းလောက်က အိမ်ကမိသားစုတွေနဲ ့ ကျိုက်ထီးရိုး ကိုပထမဦးဆုံးအကြိမ် စရောက်ဖူးခဲ့ပါတယ်။ ကလေးအတွေးထဲမှာ မှတ်မိနေတာက အိမ်က ကားက တစ်နေရာမှာရပ်တယ်။ Truckကားကြီးစီးရတယ်။ ပြီးတော့ လမ်းလျှောက်တက်မလား Truckကားနဲ့အပေါ်ဆက်တက်မလား လို ့မေးတော့ လမ်းလျှောက်တက်မယ်လို ့အမေဖြေတာရယ်ဘုရားဖူးကြတယ် ချမ်းတယ် ဒီလောက်ပဲမှတ်မိတာပါ။ ဒီလိုနဲ ့ပထမနှစ်ကျောင်းအပြီး ဂျပန်သံရုုံးစာမေးပွဲဖြေဖို ့သူငယ်ချင်း၄ယောက်စုပြီးရန်ကုန်ကို လာကြတယ်။ စာမေးပွဲဖြေပြီးတော့ သူငယ်ချင်း၃ယောက်က ကျိုက်ထီးရိုးကိုတစ်ခါမှမရောက်ဘူးလို ့သွားချင်တယ်လို့ပြောလာတယ်။ ၄ယောက်ထဲမှာ ကျွန်မက ဆရာမကြီးပေါ့။ ငါက တစ်ခေါက်ရောက်ဖူးတယ်ဆိုပြီး သူတို့ကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။ ရန်ကုန်ကနေ စီးလာတဲ့ ကားကြီးက ကင်ပွန်းစခန်းမှာရပ်တယ်။ စိတ်ထဲမှာထင်နေတာက ရပ်ပေးတဲ့နေရာက ငယ်ငယ်တုန်းက လိုပဲTruck ကားစီးမလား၊ လမ်းလျှောက်တက်မလားလို ့မေးတဲ့နေရာလို့ ထင်နေတယ်။ ဒါနဲ လမ်းလျှောက်တက်ရတာ ပျော်စရာကောင်းတယ်ဟ ၁နာရီခွဲလောက်ပဲကြာမှာလို့ပြောုတော့ အားလုံးကလည်းသဘောတူကြတယ်။ […]