fattyDecember 12, 20113min35223
ကျနော်တိူ့မိသားစု ပြီးခဲ့တဲ့စနေနေ့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကိုသွားပြီးဖူးကြပါတယ် ..။ မနက် ၅ နာရီ အငှားကားကလာကြိုပါတယ်။ တယောက်ကို ၃၅၀၀ဝ ကျပ်ပေးရတယ် နေ့ချင်းပြန်ပေါ့။ ခရီးသွားလုပ်ငန်းတွေများလာတော့အပြိုင်အဆိုင်ဝန်ဆောင်မှုတွေပေးကြတယ်။ ကောင်းသောလက္ခဏာပါ။ ၄ နာရီခွဲကထဲ ဖုံးဆက်ပြီးနှိုးပေးသေးတယ်။ ကားကတော့ စူပါကပ်စတန်ကားပါ။ ကျနော်တို့ကသုံးယောက် နောက်လူတွေကတော့ နိုင်ငံခြားသားတယောက်နဲ့မြန်မာတယောက်ပေါ့ အားလုံးမှငါးယောက်ထဲပါ။ ရိုက်လို့ရသမျှဓာတ်ပုံလေးတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်ဗျား …..။ ပထမဆုံးပုံလေးကတော့ ဝေါ မှာလက်ဖက်ရည်သောက်ကြရင်း ကလေးမလေးတယောက် ဗျိုင်းကလေးတွေလာရောင်းလို့ ရိုက်ထားလိုက်တာပါ။