အေတြးေလးJanuary 2, 20131min1238
သားသူု မင်း ဒီစာတွေကဘာတွေလဲ “ မေမေ၏မေးလိုက်သံ ။ ကျတော် လန့်သွားရတယ်ရုတ်တရက်ကြီးမေမေ ဘာဖြစ်လို့မေးတာပါလိမ့် ။ဧကန္တမေမေ ကတော့ ကျတော်ကို မမိုင် ပေးထားသောစာတွေကိုတွေ့သွားခဲ့သည်ထင်ပါရဲ့ ….။ကျတော် ဘယ်လိုဖြေရှင်း ရပါ့ မလဲ။မေမေက ကျတော်ကို မိန်းကလေး ကိစ္စနှင့်ပတ်သတ်လျှင်ဘယ်တုန်းကမှအလိုမလိုက်ခဲ့ပေ။ကျတော် က ဆယ်တန်းကျောင်းသားသာ ရှိသေးတာကြောင့်ရည်းစားသနာထားမှာကိုမလိုလားခဲ့ ခြငိ်းလည်းဖြစ်ပေလိမ့်မည်။ကျတော်ဘယ်လိုဖြေရှင်းရမယ်မသိခင်မှာပင်မေမေကသူ့လက်ထဲကစာရွက်ထပ်ကြီးကိုကျတော်ရှေ့မှာအပုံလိုက်ပစ်ချလာသည်။ကျတော် ဇောချွေးများပြန်လာသည်။မေမေကိုညာလို့ရမည်မဟုတ်အမှန်တိုင်းပြောရင်ရောမေမေကယုံမှာတဲ့လား။ကျတော်မေးခွန်းတွေနှင့် ချာချာလည်နေမိသည်။ကြောက်စိတ်နှင့်အတူ စိတ်ကအတိတ်ဆီသို့…….။ ကျတော်တို့ ရတနာမောင်လူငယ်အဖွဲ့သည် ရပ်ကွက် ၏သာရေးနာရေး များတွင် လုပ်အားဖြင့် တတ်နိုင်သလောက် ကူညီ ကြရသည်။လူငယ်အဖွဲ့ဆိုသည်နှင့်အညီ အဖွဲ့ထဲတွင် တဝက်လောက်က  လူငယ်များသာပင်။လူငယ်များထဲတွင်  (၇)တန်းမှသည် ကျတော်တို့ (၉)တန်း အထိပါဝင်ခဲ့ကြသည် ။လူငယ်များဖြစ်သော်လည်း  အလုပ်ကိုမညီးမငြူခဲ့ကြပါပဲ နှင့် လုပ်စရာရှိလျှင်လည်းတတ်ညီလက်ညီ စားစရာရှိလျှင်လည်းတတ်ညီလက်ညီ နှင့် စည်းလုံးပျော်ရွှင်စွာနေလာခဲ့ ကြပေသည်။ကျတော်သည်လည်း မေမေက စာကိုထိခိုက်မည်စိုး၍အတန်တန်တားနေသည့်ကြားမှ ထိုအသင်းကိုဝင်ခဲ့သည်။ဒီလိုနှင့် […]