ムラカミJanuary 10, 20121min15110
ပွဲစပြီ …. မိုက်ကီ ကြက်ဆင် ကိုပင် အသေစောစေခဲ့သော ….ကမာ္ဘသိ မြန်မာ အကဝိဇ္ဇာပီပါဟိန်း၏ …တစ်ဦးတည်းသော  ချစ်ဒဘဲ့ ….မိုးစက် ကလေး ၏ အငြိမ့် အစီအစဉ်ပီးဆုံးပီးသကာလ …… ရွှေခါးပတ်ရှင် ဗမာ့လက်ဝှေ့ကျော် နိုဇိုးမိ နှင့်  စိန်ခေါ်သူ တွေ့မရှောင်ကိုမည်းကြီး တို့၏ ပွဲ ….. ဗိန်းမောင်းသံတွေ ညံနေ၏ …. commentator တွေပင် …ဟိုင်းရား ဟိုင်းရား အော်နေပေပြီ …. ထိုအချိန်….     ငွေသိမ်းသတ္တာကို တွန်းလာသော လုံခြုံရေးဝန်ထမ်း၂ယောက် ဗော့လ်ထဲ ဝင်လာသည် …. သတ္တာထားပြီး ဟန်မပျက် အသာအယာပင် ပြန်ထွက်သွား၏…. ထိုသတ္တာတွင်းတွင်ကား …. အောက်စီဂျင်ဗူးတပ် ကိုသော်စ့်… ပါရှိ၏။ ထို၂ယောက်ဆိုသည်ကား ..တက္ကနစ်ရှင် […]


ムラカミJanuary 6, 20122min21015
ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း ..... အမ်ဂျီအမ်-မာရာ့ချ်-ဘလားဂျီးယို့ ကာစီနိုများရှင် ကိုကြောင် ကိုလက်စားချေရန် အတွက် တချိန်က သဂျီးတဖြစ်လဲ .. မန့်သ်လေး ဘေး ပိုင်ရှင် သဌေးဂျီး မိုက်ခယ်လ် သဂျိုင်ခီး သည် ကပေ နှင့်တကွသော အခြား လူစွမ်းကောင်း ၉ယောက် (မိမိ နှင့် ဆို စုစုပေါင်း ၁၁ယောက်) ကို စုစည်းပြီး ဘလားဂျီးယိုစ့် ကာစီနိုကို ဖောက်ရန် ကြံသည် .... ။ ကပေ့ လူစွမ်းကောင်း ၁၁ယောက် စာရင်းမှာ ဤသို့ ဖြစ်၏။ ၁။ မန့်သ်လေး ဘေး ပိုင်ရှင် သူဌေး မိုက်ကယ်လ် သဂျိုင်ခီး.. (project sponsor, investor) ၂။ တခ်နစ်ကယ်လ် […]


ムラカミNovember 25, 20112min25126
တိုက်ပွဲက အရှိန်ကောင်းလာပီ ဖြစ်သည်။ သို့သော် တယောက်ကိုတယောက် ထိခိုက်အောင် အသာစီးမယူနိုင်သေး ။ထိုစဉ်. .. ဘလားဂျီးယို့စ်သို့ ရိန့်ချ်ရိုဗာ ကားတစီး ဆိုက်လာသည်။ ဘိုးတော် တပါး ဆင်းလာ၏ မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် တောင်ရှည် ကို အပီအပြင်ဝတ်ထားသည် ဘေးမှာလည်း မျက်မှန်စိမ်းတပ် ကိုယ်ရံတော် ၂ယောက်နှင့်။ ဟိတ်ဟန်ကကောင်းလွန်းသည် မင်မောင်းက အားလုံး ကြောင်ငေးမိလျက်သား ဖြစ်သွားသည်။ အားလုံးဖိုက်တင်ပွဲကို အာရုံမရတော့ ...... မာန်ပါပါနှင့် တွယ်နေကြသော ဟို၂ယောက်လည်း ကြက်ပျောက်ငှက်ပျောက် .... ဟုတ်တယ်လေ ဒါကိုကသူတို့ အကွက်ကိုး ... ဟုတ်ပါသည် ဝင်လာသူ ၃ယောက်မှာ တောင်ကျွန်းဝိဇ္ဇာ အဘဖော နှင့် သင်္ဘောသီး ၂လုံးတို့ဖြစ်သည်။ ဒါနှယ်နှယ်ရရ သူဌေး မဖြစ်နိုင်ဝူး ဆိုတာ ကိုကိုကြောင် […]


ムラカミNovember 21, 20113min20814
------------------------------------------------------------------------- ဒါ့ကြောင့် လူစုရခြင်းဖြစ်သည် .. ကုန်ချင်ကုန် ခမ်းချင်ခမ်း သဂျီးရေသုံးကြမ်းနေသည် ။ သူကတော့ ကိုကြောင်လိုမရက်စက် အပြုတ်ဆော်ဖို့ မဟုတ်ပဲ မှတ်လောက်သားလောက်အောင်သာ လုပ်မည်ဖြစ်သည်။ နောက်ပိုင်းတွင် တဦးချင်းစီ၏ အသေးစိတ် လုပ်ငန်းများ ကို ဖော်ပြမည် ဖြစ်သည်။ သည်နေရာတွင် ကပေ့ အကြောင်း နည်းနည်းဖော်ပြစရာ ရှိသည် သူသာမဟုတ် ကပေါက်ဖော်ပါ အတူတူပင် ဟုတ်သည် ကောင်မလေးတွေကို သူတို့က ပင် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတတ်သည်။ မှော်ဆြာ အစ်အောက်ပီး မေးကြည့်တော့ ဩ ခင်ဗျားကတော့ ပြောအား ရှိမှာပေါ့ တဲ့.... ခင်ဗျား Moe Zလေးက ဘာမှ မလုပ်ရတာတဲ့ ....သူရို့ သဂျီး - ဆေးထည့်တဲ့လက်ကြီးနဲ့ ကျုပ်တို့ကို လာကြင်နာနေရင် […]


ムラカミNovember 16, 20112min27125
သည်လိုနှင့် လေယာဉ်ပျံကြီး စီးဖို့ နေ့ကို စိုက်စိုက်မြိုက်မြိုက်ရောက်လာလေတော့၏ လူစာရင်း အတိအကျဆိုသော်...၁၁ဦး ... သို့သော် လူစွမ်းကောင်းက ၉ဦးသာ ...ကျန် ၂ယောက်က ကပ်တီးမူးလဲတွေ ... --------------------------------------------------------------------- ဟားးးး ...အမေရိကား ရောက်ပါပီ ....အတိအကျဆိုရလျင် ...လာ့စ်ဗီးဂတ်စ် မြို့ရဲ့ နာမည်ကျော် McCarran International Airport ကို ရောက်လာတာပါ.... အထစ်အငေါ့လေးတွေ ရှိလင့်ကစား ရွာသားတွေ စုံစုံညီညီတွေ့ရတော့ သဂျီးခမျာ ဝမ်းသာလွန်းရော့ထင့် မျက်ရည်များပင် လည်မိလေသည် .. (နောင်မှ သိရသည်မှာ မျက်ရည်လည်တာက ထို့ကြောင့်မဟုတ် ထိုစဉ်က သဂျီး၏ လိပ်ခေါင်းရောဂါမှာ အလွန်ဆိုးဝါး နေသည် ဟူသတည်း သူဌေးမဖြစ်ခင် ယခင်က ရောင်းမကောင်းသော သတင်းစာတစောင် ပြုစု ထုတ်ဝေစဉ်က အထိုင်များခဲ့သော ... […]


ムラカミNovember 15, 20114min17517
ပါ့စ့်ပိုတ့် ထုတ်ပေးလိုက်သော မှတ်ချက်များကတော့ အံ့ဩကုန်နိုင်ဖွယ်ပင်ဖြစ်သည် ... တိုင်းသိပြည်သိ ဇာတ်လိုက်ကျော် ကပေ့ ကို ကတော့ ဟိုကိုသွား ဒေါ်လှအပြား အတုလုပ်စား.. အတော်လေးတွင်ကျယ်ပီဆို ...အာချိယံ ငှက်ကထ ဖြစ်တဲ့အချိန်နဲ့တိုက်ပီး ဒင်းတို့ကို ပြန်ဆန့်ရှင်း လုပ်ပစ်မယ် ဒေါ်လှ အပြား ပြိုလဲ စေရမဟဲ့ ဒါ့ကြောင့် ဂိုးစေသတည်း ...ဆိုပဲ.. သင်္ဘောသီးတွေ ကတော့ ကုန်းပေါ်သောင်တင်နေရင် အခွန်မရတဲ့အပြင် မျက်စိပါနောက်ဦးမှာကတကြောင်း လိုခယ်လ် မှာနေရင် အခွန်ကြွေးကျန် ဘယ်လိုမှ ရနိုင်စရာအကြောင်းမရှိတာကြောင့် ထွက်ခွင့်ပြုလိုက်သည် ဟူ၍သာ ...ပန်ပန်ကော ဘာထူးသနည်း ....မဆလာဒေဝီ ဘွ က အခွန်အကြွေးများကို လာ့စ်ဘေးဂတ်စ်တွင် အလုပ်ကြိုးစား၍ဆောင်စေ ဟု မှတ်ချက်ချ လေတော့သည်... သည်လို နှင့် ပါ့စ်ပို့ အသီးသီး ကျပီးသကာလ.... […]


ムラカミNovember 15, 20113min13910
ကပေ့စကားကို အားလုံး စိတ်ဝင်စား သွားကြသည် ... ဟုတ်တယ်လေ ....ကပေ့ရဲ့ ရဲရဲကြီး ဖွင့်ဟချက် ဆိုတော့ ... ပေ။ သည်မယ် ကိုယ့်လူတို့ ကျုပ်တို့ ၈ယောက် နဲ့ ပန်ပန်တယောက်တည်း သွားရမှာ တယ်တော့ သင့်တော်လှတယ် မဟုတ်ဘူး ....ပြီးတော့ ကျုပ်တို့က အိပ်ချိန်ကလွဲရင် မူးနေတာကများသား.. ကလေးမလေး ...အနေအထိုင် ကျုံ့မှာ စိုးရိမ်မိတော့သကိုး ....... ဖော်။ သည်အတွက်တော့ ကျုပ်တာဝန်ထား ...ကပေ.... ပန်ပန့်အတွက်ဆို အသက်နဲ့လဲ စောင့်ရှောက်မယ့် ရွာသားပါဗျ.... ဖော်ဟာ ပန့်အတွက် ဆိုတာ သိသွားစေရမယ်.. ကပေါက်ဖော်တယောက် မတ်တပ်ထ ရှေ့တိုးနောက်ငင်လုပ်ရင်းက စကားဆိုသည်... (ဘာမှလည်းဆိုင်ဝူး...) ပေ။ ကျုပ်ပြောချင်တာ ဒါမဟုတ်ဘူးဗျ ..ခင်ဗျားစောင့်ရှောက်တာလည်း စောင့်ရှောက်တာပေါ့ ကျုပ်တို့က အလုပ်တာဝန်တွေကိုယ်စီရှိမှာဆိုတော့ […]


ムラカミNovember 12, 20112min21316
သည် အစီးအဝေးတွင် ပန်ပန်က မော်ဒရိတ်တာ သဖွယ် ဆောင်ရွက်သည်... အပြစ်လွတ်တာ ဆိုလို့ ...သူပဲကျန်တာကိုး ခုမှရောက်တဲ့ ကမှောင်ချော ပင်လျှင် ...ဘတ်ဂျက် ကိစ္စ စနည်းနာပီး မကဲလိုက်ရမ ရှိရလေအောင် ဆိုပီး ညတုန်းက ရောင်တော်ပြန်နှင့် ရောလွှတ်သေးသည်... သူကတော့ ဟိုလူတွေလို သောက်လုံးမကြီး .... ရွာနီးချုပ်စပ်က ကေတီဗီမှ စကီလေးတွေ မ ချလာပီး လော်ဘီတွင် စင်တင်တေးဂီတ လုပ်ခြင်းသာဖြစ်သည်... သူ့ စင်တင် က အဆန်း ... ဘယ်သူမှ မဆိုရပါ သူတကိုယ်တည်း ဆိုသည် ...ကောင်မလေးတွေက ကပေးရသည်... တခါတခါ သူ့သီချင်းများနှင့် မယ်လိုဒီ အသွားချင်းတူသော သီချင်းများ ဖြစ်ပါက တီဗီတွင် ဖွင့်ချင်တာဖွင့် သူက သူ့ အုန်းမ်ကျူန်းများသာ […]


ムラカミNovember 10, 20113min15213
ရယ်သံဩဩကြီး၏နောက်ဝယ် ရယ်သံ စူးစူးလေး က ကပ်ပါလာသည်.... ကြည့်လိုက်မိတော့ မျောက်ညီနောင် ၂ဖော်.. အံမယ် ငယ်စဉ်ကလို ပုဆိုးကွင်းသိုင်း နှတ်ချေး တွဲလောင်းလေးတွေမဟုတ်တော့.... မော်ဒလယ်ကွင်းသိုင်း ...အဟွာ..တွဲလောင်း အဲ့ ...(တာကီလာ ပုလင်းတွေပြောပါတယ်)... ဖစ်နေကြပီ .... မှော်။ ဟိတ်လူတွေ မူးရင် ကိုယ့်အခန်းပြန်အိပ် အသံဆိုးကြီးတွေနဲ့ လာမနှိပ်စက်နဲ့ သည်မှာ ကျုပ်တို့ အလုပ်လုပ်နေတယ် တီ။ ဘယ့်နှယ့် ကိုရင်ရဲ့ မတွေ့တာ ကြာမင့်ကို အဲ့လို ချစ်စွာသော ပီယဝါစာ မာလကာ.... စည်။ ကိုကြီး ညီရှင်း မယ် ညီရှင်းမယ် ....သည်မှာဟေ့လူ မှော်ဆြာ ... မှော်။ ဘာတုန်း ကိုရင်စီ... စည်။ ကျုပ်တို့ ဂဘာ ပတ်လာ တဲ့ကောင်ဒွေပါဗျ... ရယ်စရာတွေ့လို့ […]


ムラカミNovember 8, 20114min20916
ဘတ်စ် ပေါ်တွင်ဖြစ်သည် ....သို့သော် အထူး အမြန်ယာဉ်လို့တော့ တပ်မထား ... အတိအကျ ဆိုရသော် ..အရှေ့ကျွန်းလေကြောင်းလိုင်းပိုင် အဲဘတ်စ် ပေါ်တွင်ဖြစ်သည်.. ဇာတ်လိုက်ကျော် ကပေ ကပေါက်ဖော်နှင့် ကစိန်သော့တို့ ၃ဦး မိန့်မိန့်ကြီးပါလာသည်။ အဲ ..ကပေါက်ဖော်ကတော့ ဆန့်ဆန့်ကြီးဖြစ်သည် ....ခနခန တောင်းသောက်နေသောကြောင့် စိတ်မရှည်သော လေယာဉ်မယ်ကလေးက တပုလင်းလုံး ချပေးလိုက်သည်နှင့် နင်းကန်တွယ်လိုက်တာ ...ခုလို ဖြစ်သွားပုံရသည်... (dialog ခန်း တယောက် သက်သာလည်း နဲလာ း...ခနသိပ်ထားမယ် စိတ်မဆိုးနဲ့ နော် ကပေါက်ဖော်) ပေ။ အိုင်ဆေး ကသော့ ရေ.... သတင်းအချက်အလက်ကလေး တွေ ဖလှယ်ရအောင်ဗျာ.... information flow ပေါ့ဗျာ.. သော့။ ထွီ ...ဟိုကောင် အင်ဇာဂီ တော်ကီတွေ လာလာ […]


ムラカミNovember 6, 20113min17715
(အောက်ပါ ဒေတာများသည် တောင်ကျွန်းဝိဇ္ဇာ အဘဖော ထံမှ emailပါ အကြောင်းအရာ ချရေးထားခြင်းဖြစ်ပါသည် ကာယကံရှင်များ အဘနှင့် ဆက်သွယ်ကြပါ.....ခစ်ခစ်..) အစ်ကိုကြီး အီးတီ ငယ်စဉ်ကတည်းက မည်မျှလောက် ရေနှင့်နီးစပ်ပါသနည်း ဟုမေးလျှင် အိမ်နောက်ဖေး အီးပါရင်း ငါးမြှားဖို့ တီတူးသောကြောင့် အီးတီ ဟု အမည်တွင်လာသူဖြစ်သည် ...အချိန်ကို အလွန်လေးစားပြီး အလွတ်တိကျပိရိသေသပ်သူဟု အသိုင်းအဝိုင်းအတွင်း အမှတ်သညာ ပြုခံရသည်. .. အကွက်စိစိ ပိပိရိရိ နှင့် အဘခြေရာ နင်းနိုင်မည့်သူဟု သမုတ်ကြသည်။ ညီငယ် ကိုရင် စည်သူ ငယ်စဉ်က ကိုရင် ဘွနှင့် အနေကြာသောကြောင့် ကိုရင်ဟု အမှတ်သညာပြုခေါ်ရင်း နာမည်ရင်း ပျောက်ရသူ ဖြစ်သည်။ ပလိုဂလမ်မာ ဆိုလား ဘာဆိုလား ...ရစ်တတ်သောကောင်မလေး တယောက်နှင့် ချစ်ကြိုက်မိရင်း […]


ムラカミNovember 4, 20113min20418
ဒေါက်ဒေါက်ဒေါက် .......... ပေ။ ဟေ့ကောင် အင်ဇာဂီ နင့် ယပက်လက်မတွေ ငါ့ကို မနှိပ်ဘူး ကလိထိုးနေတယ်... ပြောပြောဆိုဆို ဒေါင်းတိမောင်းတိနှင့် အခန်းတွင်း ...ဝင်ချလာသည်။ သူ့နောက်တွင်မူ ယပက်လက်မလေးက ပေကလပ် ပေကလပ် ... မျက်လုံးလေးစဉ်းပြီး ဇိမ်ယူနေသော အင်ဇာဂီလည်း မထချင် ထချင်နှင့် ထရလေတော့ သည်.... ဇာ။ ဟေ့လူ ဘာတုန်းဗျာ ...ဂလိထိုးရင် ရယ်လိုက်ပေါ့ ..ခစ်ခစ်.....လို့ ... ပေ။ မဟုတ်ဘူးဟ ခွီးတဲ့မှ ငါ့ ..လုံးလုံးကို မနှိပ်ဘဲ ယားအောင် ပဲ လုပ်နေတာ... ဇာ။အင် ...တညှိုးပါလား တူ့ဟာ ...(ဆားဗစ် အသစ်ထင်တယ် ...မေးကြည့်ဦးမှ ..ဟီး ...) သို့နှင့် ၁၅မိနစ် ခန့်ကြာသွားသည် ....ထို့နောက်တွင်မှ .... […]


ムラカミNovember 4, 20112min24737
ဖော်။ ကန်းပါပီဟ ... .မျက်စိကျိမ်းထှာ ..... ပထမဆုံးမြင်ရတာ ဖလက်ရှ်....နောက်တော့ လက် အင်မတန်သေးသွယ်ရှည်လျားသော လက်ချောင်းများ ... (အနုပညာလက် အနုပညာလက်) ထိုလက်များက ဆုပ်ကိုင်ထားသော ကင်မလာ တလုံး ... ကင်မလာနောက်ကွယ်မှ ဂျိုကာလို စပ်ဖြီးဖြီး အပြုံးပိုင်ရှင် ... ပြောင်းတို ပြောင်းရှည်များ ပြည့်နေသောအဝါရောင် နီကွန်ဝေ့စ် ကုတ်နှင့် လူတယောက် သေချာပီ ဒါ မှော်ဆြာ .... ဖော်။ ဘယ့်နှာလုပ်တာတုန်း ဆြာရဲ့ မျက်စိကို ကျိမ်းသွားတာပဲ.. မှော်။ ဆောရီး ကပေါက်ဖော်ရေ ....အချိန်က ဆန်းဆက် ကလေး လိုက်တင်လေးကလည်းလှ ဗျူးလေးကလည်းကောင်း ပို့စ်လေးကလည်း ဆက်စီ ဖြစ် ...လိုကေးရှင်းနဲ့လည်း ကွက်တိ အပြတ်မိ ဖြစ်နေတော့ ရိုက်လိုက်မိတယ်ဗျ... ကြို […]