fattyJuly 21, 20111min23615
ပြီခဲတဲ့တစ်လလုံး … ကျနော်ကိုယ် ငွေ့ငွေ့လေးဖျာနေတာ ၃ ပါတ်လောက်ရှိနေပါပြီ။ အဖျားတာရှည်ခြင်းသည်မကောင်းသော လက္ခဏာမို့ ပြနေကြဆရာဝန်ကြီးဆီ ပြန်ပြရပါတော့တယ်။ အထူးကု နာမည်ကြီးဆရာဝန်ကြီးတစ်ဦးပါ။ ရန်ကုန်မှာဆိုရင် Top စာရင်းဝင်ဆရာကြီးတစ်ဥိးပါ။ ဘာကြောင့်ကျနော် အဲဒီလိုကောက်ချက်ချရသလဲ ဆိုရင် … ဘွဲ့တွေ အများကြီးပါ။ အထူးကုတစ်ဦးလဲဖြစ်ပါတယ်။ လူနာ ၁၀ဝ ခန့်ကို နေ့စဉ်ကြည့်နေရသူဆရာကြီးပါ။ လူနာ ၁၀ဝ ခန့်ဆိုတာ တနေရာထဲမှာ ပြောတာပါ ဆေးခန်းထိုင်တာက ၃ နေရာလောက်ရှိပါတယ်။ နိုင်ငံရပ်ခြားက တခါတလေရောက်လာတဲ့ ဆရာဝန်တွေတောင် ဆရာကြီးထံမှာ patient များပုံကို တအံ့တဩဖြစ်ကြရပါတယ်။ ကျနော်ကတော့ ၃ လ သိို့ ၆ လ တစ်ကြိမ် ပြနေကြပါ။ ဒီတခါတော့ အဖျားတာရှည်ပြီး လူက နုံးချိနေတာကြောင့်ကြားဖြတ်သွားပြရပါတယ်။ ဆရာကြီးက ဆီး […]