True FaithJuly 29, 20101min16712
ကျနော် http://messengerforbuddhist.blogspot.com/ ဆိုတဲ့ဆိုဒ်ကို တွေ့နေတာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းကပါ။ စာတွေကို ဖတ်ကြည့်တော့ ဗုဒ္ဓဘာသာအပေါ် အတော့်ကို ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ရေးသားထားတာပါ။ မြန်မာစာသားနဲ့ ဒီလိုမျိုး ဖတ်ရလိမ့်မယ်၊ တွေ့ရလိမ့်မယ်၊ ရှိလိမ့်မယ်လို့ တခါမှ မတွေးမိဘူး။ ရေးထားတာတွေကလည်း ဗုဒ္ဓဘာသာကျမ်းစာတွေကို လျှောက်ဖတ်ပြီး ထင်ရာမြင်ရာတွေကို ညစ်ညစ်ညမ်းညမ်းနဲ့ ရေးထားတာပါ။ အကြောင်းအရာတွေက ခါးအောက်ပိုင်းကကို တက်မလာပါဘူး။ မြတ်ဗုဒ္ဓကို ကလော်တုတ်ထားတာတွေတောင်ပါနေတော့ ကျနော်သူ့အစား ကြက်သီးမွေးညင်း ထမိတယ်။ အော် ငရဲကလူ၊ ပြာပူမကြောက်ဆိုတာ ဒီလူမျိုး ထင်ပါ့လို့လည်း စိတ်ထဲက သတ်မှတ်လိုက်မိပါတယ်။ ပြည်တွင်းက ဗုဒ္ဓသာဘာ ပြန့်ပွားရေးအသင်းက ဆရာတော်တပါးကို အရှင်ဘုရား ဒီဆိုဒ်အကြောင်း သိပါသလားလို့ မေးကြည့်တော့ သူသိပါတယ်တဲ့။ ဘာကြောင့် ဒီအတိုင်း လွှတ်ထားသလဲလို့ မေးတော့ […]