black chawJuly 3, 20121min37144
မခင်အုပ် စိတ်ပူစပြုသည်။ သူမယောက်ျား ရွှေတိုက်ကို သူကြီးခေါ်ခိုင်းသည်ဟု ဆိုကာ သူကြီးတပည့်ချာတူး လာခေါ်သွားသည်မှာ နေ့လယ်ခင်း ကတည်းက ဖြစ်သည်။ အခု ညနေ ၅ နာရီထိုးခန့် ရှိနေပြီဖြစ်သည့်တိုင် ရွှေတိုက် တစ်ယောက်ပေါ်မလာသေး။ ဘယ်လို ပြသနာအရေးများ ဖြစ်နေကြသလဲ တွေးပြီး မခင်အုပ် စိတ်ပူနေပါပြီ။ ထိုစဉ် အိမ်ရှေ့ဆီမှ ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် အသံကိုကြားလိုက်ရသည်။ “ရွှေတိုက်ရေ၊ သွားကြစို့ဟေ့၊ နောက်ကျနေပြီ” ဒီလို ညနေချိန်ဆို ရွှေတိုက်နှင့် ဗိုက်ဗိုက်စိန်တို့ သူငယ်ချင်းတစ်သိုက် ရွာလယ်ရှိ ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင် လေးမှာ တစ်ခွက်တစ်ဖလား သောက်နေကြ။ ရွာထဲမှ အပျိုများအကြောင်းအရက်ကလေးတမြမြ နှင့် ဆွေးနွေးငြင်းခုန်နေကြ။ ဆိုင်ပိုင်ရှင် တရုတ်ကြီး ချောင်ယွန်မတ်မှာလည်း ဂေါ်မစွံလူပျိုကြီးဆိုတော့ ရွှေတိုက်တို့ ပြောသမျှ […]