နွယ်ပင်September 9, 20111min21420
အခုဖော်ပြတဲ့ အကြောင်းအရာလေးက အစ်မတစ်ယောက်လို အရမ်းခင်ရတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့ကြုံခဲ့တာလေးပါ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမို ဒီအဖြစ်အပျက်မှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ အကြောင်းနဲ့ဖော်ပြတာလဲ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ် …. စက်တင်ဘာလ ၆ရက် ၂၀၁၁က အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မရဲ့ ရုံးက ရန်ကုန်မြို့ လပြည့်ဝန်းပလာဇာမှာရှိပါတယ်။ မနေ့ညနေ ၆း၃ဝမိနစ်မှာ ကျွန်မရုံးဆင်းခဲ့ပါတယ်။ ဓါတ်လှေခါးစီးနေရင်းကနေ မီးပျက်သလိုဖြစ်ပြီး ဓါတ်လှေခါးရပ်သွားပါတယ်။ ဓါတ်လှေခါးထဲမှာတော့ ကျွန်မနဲ့ ကျွန်မအစ်မ နှစ်ယောက်ထဲပါပါတယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက်လုံး မီးပျက် တယ်ထင်ပြီး စောင့်နေခဲ့ပါတယ်။ သို့သော်လည်း ၂မိနစ်လောက်ကြာတဲ့အထိ ဓါတ်လှေခါးက ပြန်မကောင်းလာတဲ့အတွက် အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပါတယ်။ ဘာသံမှ မမည်ပါ။ အဲဒါနဲ့ တံခါးကို အသံမြည်အောင် ထုပြီး အထဲမှာ လူရှိကြောင်း ပြောတဲ့အခါ ရမိနစ်လောက်ကြာမှ လုပ်နေတယ် ခနစောင့်ဆိုတဲ့ […]