Mouse Keys ဆိုတဲ့ နည်းပညာတစ်ခုကို အသုံးပြုပြီး ဝင်းဒိုးစ်ရဲ့ ဘယ်ဗားရှင်းမှာမဆို သင်ရဲ့ Mouse pointer ကို Keyboard Key များနဲ့ ထိန်းချူပ်နိုင်ပါတယ်။ သင်ရဲ့ မောက်စ်က အလုပ် မလုပ်တော့ဘူးဆိုရင်တော့ ကွန်ပျူတာကို မပိတ်ခင် ဖိုင်တွေကို သိမ်းတာမျိုး စတဲ့ အရေးကြီး လုပ်ငန်းစဉ်များကို ပြီးစီးစေဖို့ ဒီကီးဘုတ် နည်းပညာကို Enable လုပ်ထားနိုင်ပါတယ်။ ဒီနည်းပညာက သာမန် မောက်စ်တစ်လုံး လုပ်နိုင်သလောက် လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းပညာကို သုံးနိုင်ဖို့အတွက် Alt+Shift+NumLock ခလုတ်များကို တပြိုက်နက် နှိပ်လိုက်ပါ။ ဒါဆိုရင် မောက်စ် ကီး box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ ပြီးရင် Tab ဒါမှမဟုတ် Cursor ကီးများကို အသုံးပြုပြီး […]