weiweiNovember 27, 20108min1175
ဖွင့်ကြည့်ရင် အလွယ်တကူဖွင့်လို့ရအောင် ပုံဆိုဒ်တွေကို လျော့ပြီးတင်လိုက်ပါတယ် … ကွန်ဖြူးရှပ် ဘုရားကျောင်းဝင်းအတွင်းမှ ဓါတ်ပုံများဖြစ်ပါတယ်။ ထူးခြားတာကတော့ ရှေးဟောင်းကျောက်စာတွေနဲ့ ရှေးဟောင်း ဗိသုကာလက်ရာတွေ အများကြီးကို ထိန်းသိမ်းထားပါတယ်။ စာပေထွန်းကားတဲ့ပင်မနေရာတစ်ခုဖြစ်မယ်လို့ ထင်မိပါတယ်။ ကျွန်မသွားဖူးသမျှ နေရာတွေထဲမှာ ရှေးအကျဆုံးနဲ့ အခမ်းနားဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီကအပြန်မှာ ကွန်ဖြူးရှပ်အကြောင်း စိတ်ဝင်စားပြီး လေ့လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာသာစကားအခက်အခဲအရ အရမ်းတော့ နားမလည်ဘူး … သူ့အကြောင်းစာအုပ်တစ်အုပ်ထဲက သူ့အတွေးအခေါ်အယူအဆကို အနည်းငယ်ကောက်နှုတ်ပြီး ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ် ။ Teachings of Confucius What you do not want done to yourself, do not do to others (golden rule) (ကိုယ့်ကိုလုပ်ရင်မခံနိုင်တဲ့အရာကို သူများကို […]


weiweiNovember 25, 20106min1305
ကွန်ဖြူးရှပ် ဘုရားကျောင်း (Confucius Temple) (孔子庙)ပါ။ တရုတ်ပြည်နဲ့ တခြား ထိုင်ဝမ်၊ ဂျပန်၊ ကိုးရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတွေမှာလဲ ကွန်ဖြူးရှပ်ဘုရားကျောင်းတွေရှိပေမယ့် ဒီနေရာကတော့ အားလုံးထဲမှာ အကြီးဆုံးနဲ့ ရှေးအကျဆုံးလက်ရာတစ်ခုဖြစ်ပါတယ်။ အဲဒီကျောင်းကို ဘီစီ 478 ကွန်ဖြူးရှပ် သေဆုံးပြီး တစ်နှစ်အကြာမှာ အမှတ်တရ ဆောက်လုပ်ပြီး ကွန်ဖြူးရှပ်ကို ကိုးကွယ်ခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်က ဘာသာရေးခေါင်းဆောင်တော့မဟုတ်ဘူး။ သူ့ရဲ့ အယူဝါဒ၊ အတွေးအခေါ်နဲ့ အဆုံးအမတွေက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေ၊ တရားသူကြီးတွေနဲ့ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိလို့ သူ့အယူဝါဒတွေကို တလေးတစားလိုက်နာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းက ဧက ၃၂၇.၅ ရှိပြီး မြောက်မှ တောင်သို့ ၁၁၂ဝ မီတာရှည်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ ခြံဝင်းအတွင်းမှာ အကွက်ပေါင်း ၉ ကွက်နဲ့ အဆောင်ပေါင်းများစွာ ဆောက်လုပ်ထားတာ ရှေးဟောင်းနန်းတော်ကြီးတစ်ခုထဲကို […]


weiweiNovember 24, 20105min1629
ကွန်ဖြူးရှပ်ကို တရုတ်လို ခုန်ဇယ် (kong zi, 孔子) လို့ခေါ်တယ်။ ဘီစီ ၅၅၁ ခုမှာ မွေးဖွားခဲ့ပါတယ်။ သူ့ဇာတိကတော့ ယခု ရှန်းတုန်း (Shandong) ပြည်နယ်၊ (Qufu) မြိုု့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်ကျော် နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့ကလေးက ရွာကလေးတစ်ခုသာသာပဲရှိပါတယ်။ အဲဒီကိုသွားခဲ့ပုံက အမှတ်တရဖြစ်လွန်းလို့ သွားပုံသွားနည်းလေးကိုပါ ပြောပြချင်ပါသေးတယ်။ ကျွန်မတို့တွေက (Dalian) တလျှန်မြို့ကနေ (Yantai) ရန်းထိုင်မြို့ကို သင်္ဘောနဲ့ သွားပါတယ်။ အဲဒီ ၂ မြို့ကြားမှာ yellow sea ပင်လယ်တစ်ခုခြားနေပါတယ်။ တရုတ်ပြည်မှာ ပထမဆုံး သင်္ဘောစီးဖူးတာဖြစ်ပါတယ်။ သင်္ဘောကြီးက တော်တော်ကောင်းတယ်။ အထပ် ၅ ထပ်ပါတယ်။ အထဲမှာလဲ အိပ်ခန်းအဆင့်မြင့်ကနေ နောက်ဆုံး ပလက်စတစ်ထိုင်ခုံအထိပါတယ်။ မှန်နဲ့အလုံပိတ်သင်္ဘောဆိုတော့ […]